173

2.6K 548 27
                                    

Unicode

ရှဲ့ချင်းလန်၏အသံ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာထက်ဝယ် ဝမ်းနည်းပူဆွေးခြင်းများ စိုးမိုးလျက်၊ သိပ်မသိသာသော်ငြား နက်ရှိုင်းစွာ စွဲမြဲနေတော့၏။

ခြူးမုယွင်၏ အမူအရာသည် ပုံမှန်ထက် လေးနက်တည်ကြည်နေပြီး သိမ်မွေ့စွာ ပြောလိုက်သည်။ : “ထပ်တူဝမ်းနည်းရပါတယ်..”

ရှဲ့ချင်းလန်က ပြုံးသည်။ ပြီးနောက် ခြူးမုယွင်အား ရုတ်တရက် စိုက်ကြည့်ကာ.. “သူ မသေသေးဘူး..”

ခြူးမုယွင် တောင့်ခဲသွားသည်။

ရှဲ့ချင်းလန်သည် ခြူးမုယွင်အား စူးစူးရဲရဲ ငေးစိုက်ကြည့်နေခဲ့၏။ အကြည့်စူးစူးတို့က တကယ့်လက်ချောင်းများဖြင့် တစ်ဖက်လူ၏ နဖူးပြင်၊ မျက်ဝန်းမှတဆင့် နှာတံသွယ်သွယ်ကို ပွတ်ဆွဲလျက် နှုတ်ခမ်းပါးများအား ထိတွေ့နေသယောင်။

ခြူးမုယွင်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာပြီး.. “သခင်လေး.. ကျွန်တော်က ‘ရှန်ယွင်’ မဟုတ်ဘူးနော်..”

“ငါသိတယ်..” ရှဲ့ချင်းလန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့သည်။

ခြူးမုယွင် တုံ့ဆိုင်းသွားရသည်။ ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်းက အခြေအနေမတူပေ။ ရှန်ရွှိန်ယန်းဆိုလျှင် သူက ထိုအမျိုးသားလေး၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးတာကြောင့် အချိန်မရွေး စွန့်ခွာလာ၍ရသည်။ သို့သော် ရှဲ့ချင်းလန်ကား ထိုသို့မဟုတ်၊ လက်ရှိအခြေအနေအရ ထိုသူက သူတို့နှစ်ဦး၏ အသက်သခင်ကျေးဇူးရှင်ဖြစ်နေရာ ပြတ်ပြတ်သားသား ပြောဆိုပစ်၍မရပေ။

ခြူးမုယွင်၏ နေရခက်နေပုံကိုကြည့်ရင်း ရှဲ့ချင်းလန်က အကြည့်လွှဲလိုက်သည်။

“တောင်းပန်ပါတယ်..”

ခြူးမုယွင်က ဘာမှပြန်မပြောခဲ့ပေ။

ရှဲ့ချင်းလန်က သက်ပြင်းယဲ့ယဲ့ချရင်း.. “ဒီလျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုရှာနေတာလား..?”

ရှန်ရွှိန်ယန်းလည်း ထိုသို့ မေးခဲ့ဖူးတာကြောင့် ခြူးမုယွင်က တစ်ပုံစံတည်း ပြန်ဖြေလိုက်သည်။ သို့သော် တွေ့ဆုံပုံက မည်သို့ကွာခြားနေပါစေ၊ ထိုနှစ်ယောက်၏ တောင်းဆိုမှုက တစ်ခုတည်းသာ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now