45

5K 1K 51
                                    

Unicode

မီးလျှံကျိန်စာသည် လူတစ်ယောက်၏ စိတ်ဝိဉာဉ်ထဲတွင် စွဲကပ်နေတတ်ပြီး ထိုလူ၏ ရုပ်ပိုင်းခန္ဓာကိုယ် သေဆုံးသွားသည့်တိုင် ဖယ်ရှားနိုင်ခြင်းမရှိပါချေ။ စိတ်ဝိဉာဉ်နောက်သို့ ထပ်ကြပ်မခွာ လိုက်ပါလာပြီး ထိုဝိဉာဉ် ပြန်လည်ဝင်စားသည်နှင့် သူလည်း လူ့လောကအတွင်း ပြန်လည်ရှင်သန်လာလိမ့်မည်။ သို့မဟုတ် ထိုဝိဉာဉ်ပျက်ဆီးသွားခဲ့လျှင် သူလည်း ထာဝရ ပျောက်ကွယ်သွားရလိမ့်မည်။

‌ထိုအရာကို ဖယ်ထုတ်ပစ်ရန် နည်းလမ်းမရှိကြောင်း သံသယဝင်စရာမရှိ၊ သေဆုံးသွားလျှင်ပင် ထိုအရာမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

တခြားလူများ မသိလျှင်ပင် ရန်ချန်းကတော့ ရှင်းရှင်းလင်းလင်း သိနေသည်။ မော့ကျိုးရှောင်က ခြူးမုယွင်ကို အသက်သွင်းရန် ဝိဉာဉ်ပြန်ခေါ်ဆေးလုံး သုံးရဲသည်မှာ အတုမဲ့မီးလျှံကျိန်စာအပေါ် မှီခိုနေခြင်းဖြစ်၏။ မီးလျှံကျိန်စာက ခြူးမုယွင်၏ဝိဉာဉ်ကို လမ်းပြနေသလိုပင်။

မီးလျှံကို ငေးကြည့်နေပါရင်း ရန်ချန်း၏ နှလုံးအိမ်အတွင်းမှ အေးစိမ့်မှုများသည် ရေခဲမြားသဖွယ် ပြန့်ကျဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးစိုက်ပစ်သည့်နှယ် ခံစားလိုက်ရသည်။

သူက ‘ခြူးမုယွင်’ပဲ။

သူသေဆုံးပြီးနောက်မှာ ရှားပါးတဲ့ ရေခဲဝိဉာဉ်သားရဲလေးအဖြစ် ပြန်လည်ဝင်စားခဲ့တာပဲ။

သူက အတိတ်ကဖြစ်ရပ်တွေကို ဘာတစ်ခုမှ သတိမရတော့ဘူး။ အရာအားလုံးကို မော့လျော့သွားသလို မော့ကျိုးရှောင်နဲ့ နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်ခဲ့တာကိုလည်း မမှတ်မိတော့ဘူး။ သူက သားရဲငယ်လေးအဖြစ် ပြောင်းလဲသွားပြီး လင်းရွှမ်က ခေါ်ဆောင်လာခဲ့တယ်။

နောက်တော့ ဇီးပန်းရောင်ဝါတောင်ကို ရောက်လာခဲ့တယ်။ သူကိုယ်တိုင်က သားရဲငယ်လေးကို ပြုစုပျိုးထောင်ပေးခဲ့သလို ‘ခြူးမုယွင်’ရဲ့ ပုံပန်းသွင်ပြင်အတိုင်း ပြောင်းလဲပေးခဲ့တဲ့လူပဲ။

ရေခဲဝိဉာဉ်သားရဲတွေမှာ နှလုံးသားမရှိပေမယ့် ‘ခြူးမုယွင်’မှာတော့ ချစ်တတ်တဲ့ နှလုံးသားရှိတယ်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now