96

3.8K 771 24
                                    

Unicode

အမုန်းတရားများဖြင့် ပြည့်လျှံနေသော ထိုမျက်ဝန်းများကြောင့် ရှန်ရွှိန်ယန်း၏ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားရသည်။

ထိုအချိန်တွင် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်နေသော လူအိုကြီးယွီချင်သည် ခပ်လှောင်လှောင် ပြုံးလာခဲ့လေ၏။

ရှန်ရွှိန်ယန်းမှာ တစ်ချက်ကလေးပင် မျက်နှာပျက်မသွားပဲ ခြူးမုယွင်အနား အသာတိုးသွားကာ..

“အားယွင်.. ဘယ်လိုနေ………”

ခြူးမုယွင်က ခန္ဓာကိုယ်လေးကျုံ့ကာ နောက်ဆုတ်သွားသည်။

ရှန်ရွှိန်ယန်း၏လက်သည် တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားခဲ့ရ၏။

တစ်ချိန်တည်းမှာပင် ယွီချင်၏ ‘ဖားဖို’မှုတ်သံလို စိတ်ပျက်ဖွယ်ရာ အသံဆိုးကြီး ထွက်ပေါ်လာခဲ့သည်။

“ဘယ်လိုလဲ..? ကျုပ်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဒီလက်ဆောင်ကို သဘောတွေ့ပါရဲ့လား.. ဂိုဏ်းတူအစ်ကို..?”

ထိုစကားတစ်ခွန်းသည် တိမ်ထုမည်းမည်းကို ပစ်ခွင်းလျက် မိုးရွာသွန်းစေခဲ့သော မိုးကြိုးသွားတစ်ချက်နှယ်၊ ရှန်ရွှိန်ယန်း၏ မှတ်ဉာဏ်ကို ပိတ်လှောင်ထားပါသော မြူနှင်းမှုန်များအား လွင့်ပြယ်သွားစေခဲ့၏။ ယခုတော့ အရာအားလုံး ရှင်းလင်းသွားခဲ့ချေပြီ။

ရှန်ရွှိန်ယန်းမှာ တခန တွေဝေနေခဲ့ပါသော်လည်း လျင်မြန်စွာပင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်လိုက်သည်။ လူငယ်လေးက မျက်လုံးမှိတ်လိုက်သည်။ အနှီမျက်ဝန်းများ တဖန်ပြန်ပွင့်လာချိန်တွင် နှစ်ပေါင်းများစွာသော အတွေ့အကြုံတို့ဖြင့် ရင့်ကျက်နေတော့သည်။

သူ… အရာအားလုံးကို ပြန်မှတ်မိခဲ့ချေပြီ။

နှစ်ပေါင်းမရေမတွက်နိုင်အောင် လွယ်လပ်ပေါ့ပါးစွာ ရှင်သန်ခဲ့ဖူးသော ‘အလိုလောဘ’၏အရှင်သခင် ပြန်ရောက်လာခဲ့ချေပြီ။

ယခင်ရှန်ရွှိန်ယန်းဖြစ်စေ၊ ယခုရှန်ရွှိန်ယန်းဖြစ်စေ ထပ်တူညီသော အလှတရားတို့ကို ပိုင်ဆိုင်ထားဆဲ၊ သို့သော် အရှိန်အဝါကား ရုတ်ခြည်း ပြောင်းလဲသွားခဲ့ချေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Onde as histórias ganham vida. Descobre agora