71

4.4K 870 32
                                    

Unicode

‘ကောင်းကင်မိုးသား’ နန်းဆောင်သို့ ပြန်ရောက်ချိန်အထိ ခြူးမုယွင်ခမျာ အသားအရောင် သိပ်မကောင်းသေးသလို ယမန်နေ့ညက ရှဲ့ချင်းလန် အလွန်သောင်းကျန်းခဲ့သောကြောင့် တစ်ရေးပင် မအိပ်လိုက်ရချေ။

ခြူးမုယွင်က ကျင့်ကြံဆင့်မြင့်မားသလို ခံနိုင်ရည်အား အလွန်ကောင်းကြောင်း ရှဲ့ချင်းလန်သိသည်။ ထို့အပြင် ရေခဲဝိဉာဉ်သားရဲဖြစ်ရာ ပြန်လည်ကုစားနိုင်သော စွမ်းရည်လည်း ရှိနေသည်။ တစ်ညတာ အိပ်ရေးပျက်ခြင်းက ခြူးမုယွင်အား ပင်ပန်းနွမ်းလျနေအောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် အနှီတည်ငြိမ်လွန်းသော ခေါင်းဆောင်ကြီး၏ နွမ်းလျနေသော ပုံစံလေးကို အမှန်ပင် တွေ့မြင်ချင်မိသည်။ ထို့ကြောင့် ရှဲ့ချင်းလန်က နွေဦးသားရဲနှင့် မာယာသားရဲကိုပါ မတုံ့မဆိုင်း လွှတ်ပေးခဲ့သည်။

စိတ်ကြွလွယ်သော သားရဲခန္ဓာကိုယ်က ထိုသို့သောမြူဆွယ်မှုမျိုးကို အဘယ်သို့ တောင့်ခံနိုင်ပါ့မည်နည်း။ ခြူးမုယွင်လည်း အမှန်ပင် စိတ်လွတ်သွားရသည်။ ထို့အပြင် သူ၏စိတ်ထဲ အတွေးတစ်ခုပင် ပေါက်ဖွားလာရသည်။

ဒီလိုလုပ်ရတာ Top ရတာထက် ပိုခံစားလို့ကောင်းလိုက်တာ..!

Zero : “……….”

ခြူးမုယွင်လည်း အသိစိတ်ပြန်ဝင်လာမှ အော်ဆဲတော့သည်။

“ချီးပဲ..!”

Zero လေးက ချောင်းဟန့်ကာ : “တကယ်တော့လေ……..”

ခြူးမုယွင် :  “တိတ်..! ငါတကယ် လူရိုက်ချင်နေတာ..”

Zero : “QAQ!”

ခြူးမုယွင် : ^_^

Zero : “ကျွန်တော်ပြောချင်တာ ….. ရမ္မက်သခင်က အရမ်းကြောက်ဖို့ကောင်းလွန်းတယ်လို့..! တကယ့်မျိုးမစစ်ကောင်.. တစ်လောကလုံးမှာ အဆိုးဆုံးခွေးသားပဲ..! သူ့ကို အနိုင်ကျင့်ပစ်လိုက်.. အကျိုးဆက်ကို ပြန်ခံစားခိုင်းလိုက်..!”

ခြူးမုယွင် : “စိတ်ရင်းအမှန်မဟုတ်မှန်း သိသာလိုက်တာ..”

Zero လေးလည်း တခနမျှ သေသေချာချာ တွေးတောပြီးနောက်..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now