60

4.7K 940 57
                                    

Unicode

Zero : “(;д) ‘အလိုလောဘ’မှာ သားတစ်ယောက်ရှိတာလား..?!”

ခြူးမုယွင် : “………..”

Zero က ရုပ်တည်ကြီးဖြင့် : “မကောင်းတော့ဘူး.. သူ့မှာ ကလေးရှိနေတယ်ဆိုတော့ Host သူ့ကိုမြူဆွယ်လိုက်ရင် သူ……သူများမိသားစုကို ဖျက်ဆီးတဲ့လူ ဖြစ်သွားလိမ့်မယ်..”

ခြူးမုယွင် : (눈‸눈)

Zero : “(?·v?v·?)”

ထို Emoticon ကြောင့် ခြူးမုယွင်က သက်ပြင်းချလိုက်ပြီး : “ငါ့ကလေးလေးရယ်.. အဲ့တာ ရှန်ရွှိန်ယန်းလေ..”

တစ်ခုလောက် ပြောချင်တယ် ~ **နောက်ဆို System upgrade မြှင့်ရင် နတ်ဆိုးတိုင်းပြည်ရဲ့ အညှီအဟောင်ဝတ္ထုတွေ download ဆွဲမယ့်အစား <<နတ်ဆိုးတို့၏တိုင်းပြည်>> ဇာတ်လမ်းဇာတ်ကွက်တွေအပေါ် ပိုပြီးအာရုံစိုက်ပေးလို့ရမလား၊ ကျေးဇူးပါ = = ! **

နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးလုံးသည် မသေမျိုးများကဲ့သို့ ထင်မှတ်ရပါ၏။ မဟုတ်လျှင် အဓိကဇာတ်လိုက်က သူတို့၏ အားနည်းချက်ကို နင်းခြေပစ်မည်မဟုတ်ပေ။

ဒါက အသက်ပေါင်း 999,999,999 ရှိတဲ့ ဗီလိန်တစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုပါပဲ။ သူ့ရဲ့အဆင့်၊ စွမ်းရည်ကို မရိုက်ချိုးပစ်ပဲ နဂိုအတိုင်း ဆက်ထားမယ်ဆိုရင် မင်းသမီးလေးကို ဘယ်တော့မှ ကယ်ထုတ်နိုင်မှာမဟုတ်ဘူး။

<<နတ်ဆိုးတို့၏တိုင်းပြည်>> ဝတ္ထုရဲ့ ဇာတ်လိုက်အကြောင်း ပြောရမယ်ဆိုရင် တော်တော်လေး သနားဖို့တောင်းတယ်။ တခြားဇာတ်လိုက်တွေဆိုရင် ဗီလိန်တစ်ယောက်ပဲပါပြီး အဲ့ဗီလိန်ကိုဖြေရှင်းပြီးတာနဲ့ ပြဿနာတွေအကုန် ရှင်းလင်းသွားပြီ။

ဒါပေမဲ့ ဒီမှာတော့ ဗီလိန်က ခုနစ်ယောက်တောင်၊ ပြီးတော့လည်း အသက်ကိုစတေးပြီး နတ်ဆိုးအရှင်ခုနစ်ပါးလုံးကို ရှင်းပစ်လိုက်ရင်တောင် သူ့ကိုစောင့်မျှော်နေမယ့် မင်းသမီးလေးဆိုတာမျိုး မရှိရှာဘူး။

တွေးရင်းတွေးရင်း အဓိကဇာတ်လိုက်ကို အရမ်းသနားမိနေပြီ..!

သူတို့တွေက မသေနိုင်ဘူးဆိုရင် ဘယ်လိုလုပ် ကလေးဖြစ်သွားတာလဲ..?

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now