115

3.5K 720 84
                                    

Unicode

ခြူးမုယွင် လှည့်ကြည့်လိုက်သည့်အချိန် နှစ်ယောက်သား အကြည့်ချင်းစုံသွားလေသည်။ အကွာအဝေးကြောင့် ငွေမှင်ရောင်မျက်ဝန်းအိမ်ထဲမှ ညင်သာလွန်းသော လှုပ်ခတ်မှုလေးကို မမြင်နိုင်ခဲ့ချေ။ သို့သော် ထိုအမျိုးသားလေး၏ အကြည့်သပ်သပ်ကပင် လူအများ၏အာရုံကို ဖမ်းစားရန် လုံလောက်ခဲ့ပါ၏။

‘ရှန်ယွင်’၏ ​အရွယ်ရောက်လာသော ပုံပန်းသွင်ပြင်သည် ‘ခြူးမုယွင်’၏ မူလရုပ်သွင်နှင့် အတော်လေး ဆင်တူလာသည်ဟု ဆိုနိုင်လျှင် လက်ရှိမသေမျိုးခန္ဓာကိုယ်ကတော့ မြေကမ္ဘာပေါ်မှ ‘ခြူးမုယွင်’နှင့် တစ်ထပ်တည်း တူညီနေလေသည်။

သူ့ကိုယ်သူ တစ်ချက်ကြည့်ရုံမျှဖြင့် ခြူးမုယွင် သိလိုက်သည်။ အသေးစိတ် မကြည့်လျှင်ပင် သူ့မျက်နှာအကြောင်း သူကိုယ်တိုင်ထက် မည်သူ ပိုသိနိုင်မည်နည်း။

အကြည့်တစ်ချက်ဖြင့်ပင် အတည်ပြုရန် လုံလောက်ခဲ့ပါသည်။

‘ရှန်ယွင်’သည် ခြူးမုယွင်နှင့် အတော်လေး ဆင်တူပါသော်လည်း ရုပ်ချင်းဆင်ရုံမျှသာ။ ညီအစ်ကိုချင်း 70% 80% ခန့် ဆင်တူနေသလို ရုပ်ချင်းဆင်နေရုံသာ။ သို့သော် လက်ရှိခန္ဓာကိုယ်ကတော့ မြေကမ္ဘာပေါ်မှ ခန္ဓာကိုယ်အတိုင်း ပုံသွင်းထားသည့်နှယ် တစ်ထေရာတည်း တူညီနေလေ၏။ သူကိုယ်တိုင်ပင် ခွဲခြားရခက်သည်အထိ တူညီနေခဲ့လေ၏။

ထို့ကြောင့် ကျွင်းမော့ စိုက်ကြည့်လာချိန်တွင် ခြူးမုယွင်က အနည်းငယ်မျှပင် မအံ့ဩခဲ့ပါချေ။ ကြည့်ရသည်မှာ နှစ်ပေါင်းကိုးရာမက ကြာမြင့်ခဲ့သည့်တိုင် ကျွင်းမော့က သူ့ကို မမေ့သေးဟန်တူသည်။

အရမ်းကောင်းတယ်၊ အစကောင်းသွားပြီ။

အတွေးများက မသိသာပါသော်လည်း တဖျတ်ဖျတ်လက်လာသော မျက်ဝန်းများကြောင့် ခြူးမုယွင်က အကြည့်လွှဲကာ တည်တည်ငြိမ်ငြိမ်ဖြင့် မျက်လွှာချလိုက်သည်။

ကျွင်းမော့ လှည့်ကြည့်လာသည်မှာ ယုတ္တိရှိသည်။ ထိုအတွက် ဆင်ခြေရှာရန် မလိုအပ်ချေ။ အကြောင်းမှာ ယဲ့ကျန့်ဟန့်က ယခုလေးတင် ကျွင်းမော့ကို ကယ်တင်လိုက်သောကြောင့်ပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now