163

2.8K 581 60
                                    

Unicode

နေဝင်ဆည်းဆာမြို့မှ ရှန်ရွှိန်ယန်း ထွက်သွားသည်မှာ အံ့ဩစရာမရှိ၊ ပိုအရေးကြီးသည့်ကိစ္စ ရှိနေသေးသည်ကိုး။

‘အသက်တံခါး’ ဖွင့်ရန်မှာ တကယ့်ကို မလွယ်ကူချေ။ ပစ္စည်းအများအပြား လိုအပ်သလို အချိန်လည်း ကုန်သည်။ သို့ဖြစ်၍ ၎င်းနှင့်ယှဉ်လျှင် ဝိဉာဉ်ပြန်ခေါ်ဆေးလုံးက ပိုကောင်းသော ရွေးချယ်မှု ဖြစ်လာတော့သည်။

ဆေးလုံးတစ်လုံးသာ ဖြစ်သော်လည်း ‘လောဘ’အရှင်နှင့် ‘ရမ္မက်’အရှင်တို့သည် ပြုလုပ်နည်းရှိနေသရွေ့ သူတို့၏ ကြွယ်ဝမှုနှင့်ဆိုလျှင် ဆေးလုံးသန့်စင်ရန် လူရှာနိုင်လိမ့်မည်ဟု တွေးထင်နေကြမည်ပင်။ ထိုအခါ… ‘ရှန်ယွင်’လည်း အသက်ပြန်ရှင်လာပေလိမ့်မည်။

သူတို့နည်းတူ ခြူးမုယွင်လည်း ဝိဉာဉ်ပြန်ခေါ်ဆေးလုံး လိုအပ်နေပြီး သူတို့ထက် ပိုသာသည့်အချက်က ဤကမ္ဘာပေါ်တွင် ကျွင်းမော့ တစ်ဦးတည်းသာ အနှီဆေးလုံးကို သန့်စင်ဖန်တီးနိုင်ကြောင်း သိထားလေ၏။ ဝိဉာဉ်ပြန်ခေါ်ဆေးလုံး သန့်စင်ရန်အတွက် စိတ်ဓာတ်အင်အား အလွန်သန်မာရန် လိုအပ်ပြီး စိတ်ဓာတ်သန်မာမှုတွင် ကျွင်းမော့နှင့် ယှဉ်နိုင်သူက သူ့နည်းတူ ဝမ်းနည်းနာကျင်ဖွယ် ဖြစ်ရပ်များစွာ ကြုံတွေ့ဖူးသော ယဲ့ကျန့်ဟန်သာ ရှိပေလိမ့်မည်။

သို့သော် ကျွင်းမော့၏ အဂ္ဂိရတ်စွမ်းရည်သည် လောကတခွင် လွန်စွာရှားပါး၍ ယဲ့ကျန့်ဟန်ကတော့ ဘာဆိုဘာမှ နားမလည်ပါချေ။ ထို့အပြင် လက်ရှိအချိန်၌ ‘ဥ’ဖြစ်နေရကား…

ကျွင်းမော့မှလွဲ၍ စိတ်ဓာတ်အရာရော၊ အဂ္ဂိရတ်ပညာမှာပါ ကျွမ်းကျင်သူဟူ၍ ဤကမ္ဘာပေါ်တွင် တခြားမရှိတော့ချေ။

မည်သို့ပင်ဆိုစေ ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်တို့သည် ဘယ်သောအခါမှ လက်လျော့မည်မဟုတ်။ ဝိဉာဉ်ပြန်ခေါ်ဆေးလုံးရရန် အရာအားလုံးပေးဆပ်၍ ကြိုးစားကြပေလိမ့်မည်။

ခြူးမုယွင်လည်း များများစားစား တွေးမနေတော့ဘဲ စိတ်ပြင်ဆင်လိုက်၏။ ပြီးနောက် ဆေးဖော်နည်း အလစ်သုတ်ရန် လျှို့ဝှက်နယ်မြေသို့ ထွက်လာခဲ့လိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now