155

2.6K 605 11
                                    

Unicode

တကယ်တမ်းတော့ ထိုစကားမျိုး တစ်ခါမှမကြားဖူးသလို ထိုသို့သောဖြစ်ရပ်မျိုးကိုလည်း ယခင်က မကြုံတွေ့ဖူးပါချေ။ သို့သော် ရှင်းပြ၍မရအောင် ထိတ်လန့်ဖွယ်ကောင်းအောင် ရင်းနှီးနေပြန်၏။ အနှီခံစားချက်က အလွန်ပြင်းထန်လှသည်။

ပို၍ရယ်စရာကောင်းသည်က သူအဘယ်ကြောင့် ထိုသို့ရင်းနှီးသလို ခံစားနေရမှန်း ပြောမပြတတ်ခြင်းပင်။

ထိုလူ၏စကားကြောင့်လော၊ ထိုအမျိုးသားဖြစ်နေ၍လော၊ သို့တည်းမဟုတ် တစ်ဖက်သူ၏ တဖျတ်ဖျက်လက်နေသော မျက်ဝန်းအိမ်ထဲမှ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းများကြောင့်လော။

သူ့ရင်ခွင်ထဲမှ ‘ဥ’နက်လေးကို ခြူးမုယွင် လာမထိခင်အချိန်အထိ ကျွင်းမော့မှာ မတ်တပ်စုံရပ်နေမိသည်။

“ဘာလို့ သူ့ကိုအပြင်ခေါ်လာတာလဲ..?”

ကျွင်းမော့ : “………….”

တခဏတွေးကြည့်ပြီးနောက် ခြူးမုယွင် နားလည်နိုင်ခဲ့သည်။ သူ ထွက်သွားပြီလို့ ထင်နေတာလား..? ခြူးမုယွင်က အသာပြုံးလိုက်ရင်း ဘာမှထပ်မပြောခဲ့ပေ။ ထိုအစား ယဲ့သမ့်သမ့်ကိုယူကာ ကျွင်းမော့၏လက်ကို ဆုပ်ကိုင်လိုက်ရင်း.

“ပြန်ကြရအောင်..”

ကျွင်းမော့က ဘာမှပြန်မပြောဘဲ လိုဏ်ဂူထဲသို့ အသံတိတ်လေး လိုက်ပါလာခဲ့လေသည်။

နှစ်ဦးသား တူယှဉ်တွဲလျက်… မင်ရည်နက်နက် ဆံနွယ်ပိုင်ရှင်က အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေမှင်ရောင်ဆံနွယ်ရှင်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။

မိုးကြိုးသွားများ ပြည့်နှက်နေသော မိုးကောင်းကင်ထက် မိုးထစ်ချုန်းသံများက ထူးမခြားနားတော့သော နောက်ခံတေးဂီတသဖွယ်။ ဦးတည်ရာကို အန္တရာယ်မပြုနိုင်ဘဲ စက္ကူကျားပမာ အစွယ်ဖြဲ၍ လက်သည်းပြရုံသာ တတ်နိုင်ခဲ့သည်။

ခြူးမုယွင်က ဤနေရာတစ်ဝိုက်ကို ကာကွယ်ပေးထားပြီး တခြားလူများလည်း မရှိသောကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ တစ်စုံတစ်‘ဥ’ကတော့ ကျွင်းမော့၏စိတ်ထဲတွင် ‘လူသား’ မဟုတ်ပါဘဲ ‘ပစ္စည်း’တစ်ခုအဖြစ် သတ်မှတ်ထား၍လားမသိ။ ဘေးကပ်ဆိုးအမျိုးမျိုးမှ အသာလေး လွတ်မြောက်နိုင်ခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now