113

3.9K 693 32
                                    

Unicode

ကောလဟာလများအရ...

ယဲ့ကျန့်ဟန်သည် ဝိဉာဉ်ကိုစား၍ ကျင့်ကြံဆင့်ကို စုပ်ယူတတ်သည်။ ထိုနည်းလမ်းဖြင့် သူ့ရဲ့သက်တမ်းသည် မိုးကောင်ကင်ပမာ အကန့်အသတ်မဲ့ပြီး စွမ်းအားအရာတွင် ပြိုင်ဘက်ကင်းရ​ခြင်းဖြစ်၏။ ထို့အပြင် ထိုသို့စွမ်းအားကြီးရသည့် အကြောင်းအရင်းမှာလည်း သူ၏အနှိုင်းမဲ့သွေးကြောင့် ဖြစ်ပေသည်။

ယဲ့ကျန့်ဟန်၏ သွေးတစ်စက်ကို ပိုင်ဆိုင်နိုင်ခဲ့လျှင် ထိုအမျိုးသား၏ စွမ်းရည်မျိုး ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ဆိုကြ​သည်။ ကျင့်ကြံဆင့် ခုန်တက်သွားနိုင်ရုံသာမက သင့်ရဲ့အသက်လည်း အတိုင်းအဆမရှိအောင် ရှည်လျားသွားပေလိမ့်မည်။

ထိုသတင်းများကြောင့် လူအများသည် ယဲ့ကျန့်ဟန်၏ သွေးဆာရက်စက်တတ်ပုံကို သိထားကြသည့်တိုင် အဖွဲ့လိုက်ရောက်ချလာပြီး လူအင်အားဖြင့် ထိုအမျိုးသားကို ဖိနှိပ်ချုပ်ကိုင်ရန် ကြိုးစားလာကြတော့၏။ ထို့ကြောင့် ယဲ့ကျန့်ဟန်သည် သူသွားလေရာနေရာတိုင်း အရိုးဖြူများ တောင်ပုံရာပုံဖြစ်အောင် တမင်တကာ ဖန်တီးခဲ့တာမဟုတ်ပါပဲ ထိုလူများကသာ ကိုယ်တိုင်ကိုယ်ကျ လာရောက်အသေခံကြခြင်း ဖြစ်သည်။

ယဲ့ကျန့်ဟန်၏သွေးသည် အမှန်တကယ်လည်း တမူထူးခြားသော မှော်စွမ်းအင်မျိုး ပိုင်ဆိုင်ထားပါသည်။ သို့သော် လူအများ ပြောနေသလိုမျိုး အလွန့်အလွန် စွမ်းအားကြီးတာတော့ မဟုတ်ပါချေ။

သို့သော် ယဲ့ကျန့်ဟန်က ရှင်းပြနေမည်မဟုတ်​ပေ။ ပထမအချက်အနေဖြင့် လတ်လတ်ဆတ်ဆတ် သေဆုံးထားသော ဝိဉာဉ်များဟာ ပုံမှန်ထက် အရသာပိုရှိသောကြောင့် ​ဖြစ်သည်။ ဒုတိယအချက်ကတော့ သူ အမှန်အတိုင်း ပြောပြလျှင်ပင် မည်သူမျှ ယုံကြည်လိမ့်မည်မဟုတ်။ သို့ဖြစ်ရာ အဘယ်ကြောင့် အချိန်အကုန်ခံနေဦးမည်နည်း။

ထိုသွေးစက်လေး အောက်ကျသွားသည်နှင့် မိစ္ဆာကျင့်ကြံသူများဟာ ခွေးရူးတစ်အုပ်လို ဖြစ်လာကြပြီး အနှီသွေးစက်အတွက် အသည်းအသန် ယှဉ်ပြိုင်ကြတော့၏။ တစ်ဦးနှင့်တစ်ဦး စကားဖြင့် ထုတ်မပြောနိုင်လောက်အောင် ရက်ရက်စက်စက် တိုက်ခိုက်ကြတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now