166 - 170

213 21 0
                                    

အခန်း(၁၆၆) ခွဲစိတ်စစ်ဆေးခြင်း

‌      "အန်ကျင့်၊ ငါတို့ကို မင်းအထဲခေါ်သွားလို့ရလား?"

  ကျိုးဝမ်သည် သူ့အကြည့်ကို အန်ကျင့်ဆီ‌ပြောင်းလိုက်သည်။ ဒီအခိုက်အတန့်တွင် သူတို့ကြားက မည်သည့်ခြားနားမှုနှင့်မျှ ပတ် သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မနေတာ့ပါ။

       "ရတယ်၊ ဒါပေမယ့် ငါ့မှာ လိုချင်တာတစ်ခုရှိတယ်"

       အန်ကျင့် အနည်းငယ်တွေးပြီး ပြောလိုက်သည်။

       "ငါ နင်နဲ့တိုက်ခိုက်ဖို့ ကတိပေးတယ်၊ ငါ့ကို ချက်ချင်းခေါ်သွား ပေးလိုက်တော့"

       ကျိုးဝမ် သည် တိုက်ရိုက်ပင် ပြောလိုက်သည်။

       "ငါ နင်နဲ့တိုက်ခိုက်ချင်တယ်လို့ ငါမပြောခဲ့ပါဘူး"

    အန်ကျင့်က ပြောလိုက်ရာ ကျိုးဝမ်မှာ အံ့အားသင့်သွားသည်။

       "ဒါဆို မင်းဘာလိုချင်တာလဲ?"

ကျိုးဝမ်သည် မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။

"ငါ အဲဒီအကြောင်း မတွေးရသေးဘူး၊ နင်ကငါ့ကို အကြွေး တစ်ခု တင်နေတယ်လို့ မှတ်ထားလိုက်မယ်၊ ငါတွေးမိတဲ့အခါကျရင် နင့်ကိုငါပြောပြမယ်"

အန်ကျင့်သည် ပြောပြီးသည်နှင့် ကျိုးဝမ် က သူမကို လောစရာ မလိုအောင် တံခါးဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။

"ဟဲလို ကျေးဇူးပြုပြီး ဝင်ခွင့်ပြုအထောက်အထားလေးပြပါ"

တံခါးကို စောင့်ကြပ်နေသည် စစ်သားနှစ်ယောက်သည်  အန်ကျင့်ကို ရှင်းလင်းစွာ မှတ်မိနေသည်။ သို့သော်လည်း သူမကို အလေးပြုပြီးနောက် သူတို့သည် အပြင်မှာပင် ရပ်တန့်ခိုင်းထားသေး ပြီး ချက်ချင်းအထဲကို ဝင်ခွင့်မပြုဘဲ ရှိနေသည်။

အန်ကျင့် သည် ထိုသို့ဖြစ်လာမည်ကို သိမြင်ထားဟန် ရှိသည်။ ထို့ကြောင့် သူမသည် မည်သည့်ထူးထူးခြားခြားအပြုအမူမျိုး မရှိဘဲ သူမအိတ်ကပ်အတွင်းမှ ကတ်တစ်ခုကို ထုတ်ပြလိုက်ပြီး ကျိုးဝမ်နှင့် လီရွှမ်ကို ခေါ်ပြီး တပ်စခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Tempat cerita menjadi hidup. Temukan sekarang