396 - 400

176 18 0
                                    

အခန်း(၃၉၆) လော်ဘီလုပ်ပေးခြင်း

   "ဝမ့်မင်ယွမ် က မြင့်မြတ်မျှော်စင်ကို ဖျက်ဆီးခဲ့ပြီး ချိတ်ဆက်မှု နယ်မြေအလွှာတစ်ခုကို ဖွင့်လှစ်ခဲ့တဲ့အတွက် မြင့်မြတ်မြို့တစ်ခုလုံး ဟာ သေဆုံးခြင်းမြို့တစ်ခုအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့ တယ်…ဒီကိစ္စကို ယူဆောင်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေက အရမ်းကို ဆိုးရွားလွန်းတယ်"

        ဖုယူ ရှင်းပြလာခဲ့သည်။

        "ဒါက ဝမ့်မင်ယွမ်ရဲ့ ကိုယ်ပိုင်ပြစ်မှုလေ…သူ့တပည့်တွေနဲ့ဘာ ဆိုင်လို့လဲ? တကယ်လို့ ဝမ့်မင်ယွမ်ရဲ့ ကျောင်းသားဟောင်းတွေ အကုန်လုံးကိုသာ အပြစ်ပေးမယ်ဆိုရင် သူ့သင်ခန်းစာတွေကို တက် ရောက်ဖူးတဲ့လူတွေက အဖွဲ့ချုပ်မှာကို အရာရှိတွေနဲ့ ဗိုလ်ချုပ်တွေ က ဘယ်လောက်တောင် များလိုက်လဲ? ဘာကြောင့် သူတို့အားလုံး ကို မဖမ်းဆီးတာလဲ?"

"ဘယ်လိုလုပ် တူညီနိုင်မှာလဲ? ဝမ့်မင်ယွမ်က ချိတ်ဆက်မှု နယ်မြေအလွှာကို  ချိုးဖောက်ဖြတ်ကျော်မသွားခင်မှာ သူ့တပည့် လေးယောက်လုံးကို တမင်သက်သက် သူ့ဆီ လာလည်ခိုင်းခဲ့တယ်.. ဒီကျောင်းသားလေးယောက်က ကွဲပြားနေတာ ထင်ရှားနေတယ်… နောက်ပြီး….."

      ဖုယူသည် တစ်စုံတစ်ခုကို ဆက်ပြောချင်သော်လည်း ပြန်ထိန်း လိုက်သည်။

"ဆရာ…ပြောစရာရှိတာဆိုရင် ပြောလိုက်ပါ"

        ဖုယူ သက်ပြင်းချပြီး ဆက်ပြောလိုက်သည်

"ဝမ့်မင်ယွမ်ရဲ့ ကိစ္စတွေက အဲဒီနေရာမှာ ပြီးဆုံးခဲ့မယ်ဆိုရင် အဖွဲ့ချုပ်က သူ့တပည့်တွေအပေါ်မှာ စောင့်ကြည့်နေမှာ မဟုတ်ဘူး …. မင်းရှိနေတဲ့အတွက် သူတို့က စောင့်ကြည့်ရေးကိုပဲ တိုးမြှင့်ဖို့ မျှော်လင့်နေခဲ့တယ်….ဒါပေမယ့်လည်း အခုအချိန်မှာ အခြေအနေ တွေက ပြောင်းလဲသွားခဲ့ပြီ…တစ်ချို့အရာတွေက ဖုံးကွယ်ထားလို့ မရတော့ဘူး….ဝမ့်မင်ယွမ် ဖွင့်လှစ်ခဲ့တဲ့ ချိတ်ဆက်မှုနယ်မြေအလွှာ လမ်းကြောင်းက ပိတ်သွားပြီလို့ ထင်ရပေမယ့် အမှန်တကယ်က လုံးဝကြီး ပိတ်သွားတာမဟုတ်ဘူး… ဒါမှမဟုတ် တားမြစ်စည်းက အလွန်အမင်းအားနည်းလာခဲ့ပြီ…

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now