636 - 640

218 25 0
                                    

အခန်း(၆၃၆) ထူးဆန်းသောလမ်း

        ကျိုးဝမ် သည် တောင်ပံခြောက်ခုပါကာကွယ်သူနဂါးကြီး ကို ဆင့်ခေါ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ အမျိုးအမည် မသိ အင်အားအမျိုးအစားတစ်မျိုးမျိုးဖြင့် ချုပ်နှောင်ထားပုံရသည်။

       ယခင်က သူဆင့်ခေါ်ခဲ့သော တွဲဖက်သားရဲအနည်းငယ်သည် တက်တူးများအဖြစ် အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မည်သူ့ကိုမျှ သူ ဆင့်ခေါ်၍ မရတော့ပါ။ အမှန်တရားနားထောင်သူ သာလျှင် ၎င်း၏ နားကွင်းပုံစံဖြင့် ကျန်ရှိနေပြီး စည်းခတ်ထားခြင်း မခံရပါ။

        " မင်းရဲ့တွဲဖက်သားရဲတွေ ဆင့်ခေါ်လို့ရလား.."

        ကျိုးဝမ် သည် လျှိုယွင် အား မေးမြန်းလိုက်သည်။

"မရဘူး..ငါ့တွဲဖက်သားရဲ တစ်ကောင်မှ ဆင့်ခေါ်လို့ မရဘူး"

လျှိုယွင်သည် စိတ်လေးသော မျက်နှာအမူအရာဖြင့် သူ့ခေါင်း ကို ခါပြလိုက်သည်။

တွဲဖက်သားရဲများမရှိလျှင် သူ နှင့် ကျိုးဝမ် တို့သည် တော်ဝင် သူရဲကောင်းအဆင့်တွင်သာ ရှိနေသေးသည်။ ကိစ္စအတော်များများ ကိုဖြေရှင်းရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

        လျှိုယွင် သည် ရှေးဦးမူလသိုင်းကျွမ်းကျင်မှု တစ်ခုခုကို အသုံး ပြုနိုင်မလားဟု မျှော်လင့်ပြီး စကားပြောရင်း ခြေလှမ်း နှစ်လှမ်း တိုး လိုက်၏။ သို့သော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းပြီးသည့်နောက် သူ့ခြေထောက်အောက်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက် သွားသည်ကို သူ သိလိုက်ရသည်။ သူသည် ချက်ချင်း ရပ်တန့်ခဲ့၏။

        ကျိုးဝမ် သည် လျှိုယွင်၏ ခြေထောက်အောက်ရှိ ကျောက်ပြား ကို လှမ်းကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်ရာ လမ်းတစ်လမ်းလုံး၌ ယခုလိုကျောက် ပြားများနှင့် ပြည့်နှက်နေသည်။ ကျောက်ပြားတစ်ခုစီသည် တစ်ပုံစံ တည်း ဖြစ်သည်။ အနံ ၄၀ စင်တီမီတာ နှင့် အလျား ၆၀ စင်တီမီတာ ခန့် ရှိကြသည်။ ကျောက်ပြားလမ်း၏ အဆုံးတွင် ကျောက်လှေကား ထစ်တစ်ခု ရှိနေသည်။ ကျောက်လှေကားထစ်များ၏ အဆုံးတွင် အမှတ်တရသံမဏိပြားလိုမျိုး ထူးဆန်းသောအဆောက်အဦး တစ်ခု ရှိနေသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now