596 - 600

166 17 0
                                    

အခန်း(၅၉၆) မိုးပြာရောင် နှင့် ခရမ်းရောင် အလင်းရောင်

နတ်သစ်သီးများကို စိတ်ဝင်စားသော အင်အားစုအားလုံးသည် ယခုတိုက်ပွဲကိုအာရုံစိုက်နေကြ၏။ နတ်သစ်သီးတစ်လုံးကို ဆွတ်ခူး ခွင့်ရရှိရန် ရှေးဦးမူလဓားအင်မော်တယ်ကိုအနိုင်ယူရမည် ဖြစ်သည်။

       သို့သော် ရှေးဦးမူလဓားအင်မော်တယ်တွင် မည်ကဲ့သို့ အရည် အချင်းများ ရှိခြင်းနေကြောင့် ကုဗတုံးက ယခုလိုမျိုး အကဲဖြတ်ခဲ့ သည်ကို မည်သူမှ မသိနိုင်ပါ။ ၎င်းသည် အမြဲတမ်း ပထမအဆင့်၌ ရှိနေခဲ့သည်။ မည်သည့်တွဲဖက်သားရဲမှ ၎င်းကို ခြိမ်းခြောက်မှု မပြု နိုင်ခဲ့ပါ။

မြေအောက်ကမ္ဘာမှ သေမင်း လိုမျိုး စွမ်းအားကြီးသော ဒဏ္ဍာရီ လာတွဲဖက်သားရဲသည်ပင် ၎င်းအောက် အဆင့်၌သာ ရှိနေသည်။

မြေအောက်ကမ္ဘာမှ သေမင်းအကြောင်းအား အဖွဲ့ချုပ်သည် ပိုမိုသိရှိထားသည်။ ၎င်းသည် မိသားစုခြောက်ခုတွင် ထိပ်တန်း တွဲဖက်သားရဲများအနက်မှ တစ်ကောင်အဖြစ် သတ်မှတ်ခံထားရ၏။ ၎င်း၏ သန်မာမှုသည် ကြောက်စရာကောင်းလွန်းသည်။

အနက်ရောင်နတ်ဆိုးမြွေမှာ ကြီးမားသောမြွေကြီးတစ်ကောင် ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ၎င်းသည် ကုဗတုံး၏ စင်မြင့်ပေါ် တွင် ခွေနေခဲ့ပြီး ရှေးဦးမူလဓားအင်မော်တယ်မှ စိန်ခေါ်မှုကို လက်ခံ ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ကျေးဇူးတင်စွာဖြင့်ရှေးဦးမူလဓားအင်မော်တယ်သည် ပွဲကြည့် ပရိသတ်များကို အချိန်အကြာကြီး မစောင့်ခိုင်းဘဲ စိန်ခေါ်မှုကို လက် ခံခဲ့ခြင်း ဖြစ်သည်။ ဖျက်ခနဲလင်းလက်မှုဖြင့် ဓားအိမ်စွပ်ထားသည့် ရှေးဟောင်းကျောက်သားဓားတစ်ချောင်းသည် စင်မြင့်ပေါ်တွင် ပေါ် လာခဲ့သည်။

ရှေးဦးမူလဓားအင်မော်တယ် မှာ အမှန်အားဖြင့် ကျောက်သား ဓားတစ်လက်မျှသာ…။ မည်သည့်အင်မော်တယ်မှ မရှိသောကြောင့် ၎င်းကို ဓားအင်မော်တယ် (သို့) အင်မော်တယ်ဓား ဟု ခေါ်ခြင်းမှာ မေးခွန်းတစ်ခု ဖြစ်လာသည်။

ကျောက်သားဓားသည် မီးခိုးဖြူရောင် ရှိ၏။ ရှေးခေတ်မီးခိုး ရောင်ကျောက်တုံးများမှ ဓားအိမ်နှင့် ဓားရိုးကို ထွင်းထုထားခြင်း ဖြစ်သည်။ ဓားနှင့် ဓားရိုးကြားနေရာတွင် ပတ္တမြားတစ်လုံးဖြင့် မြှုပ် နှံထားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now