46 - 50

339 28 0
                                    

အခန်း(၄၆) မခမ်းနား‌သောဗုဒ္ဓကျောင်းတော်

ဒင်!
မြေအောက်ဗုဒ္ဓမြို့တော် ဂိမ်းနယ်မြေအတွင်းတွင် ကျိုးဝမ်သည် မရေမတွက်နိုင်သော ဗုဒ္ဓနှလုံးသားကြာပန်းများကို သတ်ဖြတ်နေရာ မှ ဗုဒ္ဓနှလုံးသားကြာပန်းအမြုတေတစ်ခု ကျလာသံကို ကြားလိုက်၏၊၊

သူသည် တော်တော်မကျေမနပ်ဖြစ်နေသည်။ တစ်ညလုံးနှင့် မနက် မိုးသောက်အာရုဏ်တက်ချိန်အထိ ဂိမ်းကို ကြိုးစားပမ်းစားဆော့ခဲ့ သော်လည်း ဗုဒ္ဓနှလုံးသားကြာပန်းတွဲဘက်သားရဲဉတစ်ခုတောင် မကျခဲ့လို့ ဖြစ်သည်။ သူရရှိခဲ့သည် မျိုးနွယ်ခြားအမြုတေများမှာ အသုံးမဝင်ကြဘဲ ဗုဒ္ဓနှလုံးသားကြာပန်းအမြုတေသည်သာ အနည်း ငယ် အသုံးဝင်နိုင်သည်။

လီရွှမ်သည် ဗုဒ္ဓနှလုံးသားကြာပန်းတွင် ဘာရှေးဉီးမူလစွမ်းအားသိုင်း ကျွမ်းကျင်မှုရှိသည်ကို ကျိုးဝမ်ကို သတင်းမပြောထားချေ။ သို့သော် လည်း ထိုအရာသည် ကြာစေ့များကို ပစ်လွှတ်တိုက်ခိုက်သဖြင့် လက်နက်အမျိုးအစားရှေးဉီးမူလစွမ်းအားသိုင်းကျွမ်းကျင်မှုနှင့် တူသည်။

သေမျိုးအဆင့် ရှေးဉီးမူလစွမ်းအားသိုင်းကျွမ်းကျင်မှုသည် အခြေခံ အားဖြင့်သူတို့၏ ရှေးဉီးမူလစွမ်းအားများကို အပြင်ပစ်လွှတ်နိုင် သည့် အရည်အချင်းမရှိချေ။ သူရဲကောင်းအဆင့်တွင်ပင် အနည်း ငယ်ပဲ ကန့်သတ်ချက်ရှိသည်။

လက်နက်အမျိုးအစားရှေးဉီးမူလစွမ်အားပင်လျှင် ရုပ်ဝတ္ထုပစ်လွှတ် ခြင်းကို သေမျိုးအဆင့်အနေဖြင့် တစ်ကြိမ်သာပစ်လွှတ်အသုံးပြု နိုင်သည်။ ပစ်လွှတ်ပြီးသည့် ရှေးဉီးမူလစွမ်းအားများ နောက် တစ်ကြိမ် စုစည်းနိုင်သည့် နည်းလမ်းမရှိချေ။

ကျိုးဝမ် ဗုဒ္ဓနှလုံးသားကြာပန်း၏ အမြုတေကို တိုက်ရိုက်စုပ်ယူလိုက်နှင့် သူ၏ဖုန်းမှ ထူးဆန်းသည့်စွမ်းအားများ သူ့ကိုယ်ထဲသို့ စီးဝင်သွားသည်။ ဗုဒ္ဓနှလုံးသားကြာပန်း၏စွမ်းအားများသည် သူ အရင်စုပ်ယူဖူးသည့် အမြုတေများနှင့် ခြားနားသည်။ ထိုစွမ်းအား သည် အလွန်သိမ်မွေ့ပြီး နွေးထွေးသည့်စမ်းရေများ သူ၏ကိုယ်နှင့် ပေါင်းစပ်နေသလိုဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now