971 - 975

151 19 0
                                    

အခန်း(၉၇၁) ပင်လယ်ခုနှစ်စင်းနဂါးဘုရင် ပေါ်လာခြင်း

မူလနဂါးနန်းတော်သည် ယခုအခါ ပျက်စီးယိုယွင်းနေခဲ့ပါပြီ။ နေရာတိုင်းတွင် ကျိုးကျနေသော သန္တာကျောက်တန်းများ ရှိနေ၏။

မီယာ၏အဆိုအရ မူလနဂါးနန်းတော်မှာ သန္တာနန်းတော်တစ်ခု ဖြစ်ခဲ့သော်လည်း မည်သည့်အရာမှ မကျန်ရစ်တော့ပါ..။ အပျက် အစီးများသာ ကျန်ရှိတော့သည်..။

    မီယာသည် ဤဝမ်းနည်းဖွယ်နေရာ၌ မနေချင်သောကြောင့် နစ်မြှုပ်နေသောသင်္ဘောတွင် နေထိုင်ခဲ့သည်။

ကျိုးဝမ်သည် ဖြစ်နိုင်ချေရှိသောရေခဲတုံးကို ရှာဖွေရန် အတွက် သန္တာကျောက်တန်းများကို တူးဖော်ရန် ဂဏန်းဘုရင်ကို ခိုင်းထားခဲ့ သည်။  ရှာတွေ့မည်ဟု အရမ်းမျှော်လင့်မထားသော်လည်း သန္တာ ကျောက်တန်းအောက်တွင် အပြာရောင်ရေခဲတုံးကြီးတစ်ခု ပေါ်လာ ခဲ့သည်။

        ၎င်းကို တူးဖော်ပြီးနောက် မျက်လုံးနှင့်တူသောအပြာရောင်း သလင်းကျောက်တစ်ခုကို ရှာတွေ့ခဲ့သည်။ နဂါးဘုရင်၏ မျက်လုံး ဖြစ်နိုင်သည်ဟု မီယာ က ဆိုခဲ့သည်။

ဤအရာများမှာ မည်သည့်အတွက်ဖြစ်သည်ကို မီယာ မသိ သည့်အတွက် ကျိုးဝမ်သည် သိမ်းထားရုံမှလွဲပြီး ရွေးချယ်စရာ မရှိ တော့ပါ..။ ဤအရာများသည် တစ်စုံတစ်ခုသောအသုံးဝင်မှု ရှိလိမ့် မည်ဆိုသည့်အချက်သာ စိတ်ထဲတွင် ခံစားနေရသည်။

ပင်လယ်နတ်ဘုရားကျောက်တန်းမှထွက်ခွာပြီးနောက်  လီရွှမ် သည် တစ်စုံတစ်ခုလွဲမှားနေကြောင်း တွေးကြည့်လေ ခံစားရလေ ဖြစ်နေသည်။

        “ အဘိုးကြီး ကျိုး… တစ်စုံတစ်ခုလွဲမှားနေတယ်လို့ ငါ ထင်နေ မိတယ်…”

        “ ဘာမှားနေတာလဲ…”

        “ တကယ်လို့ အဲဒီ ကြောက်ရွံ့ခြင်းအဆင့် အစစ်အမှန်နဂါးကို ပင်လယ်ခုနှစ်စင်းနဂါးဘုရင် တကယ်သာ သတ်ဖြတ်ခဲ့တယ်ဆိုရင် သူ့ခန္ဓာကိုယ်ပေါ်က ကြောက်မက်ဖွယ်ပုံစံ အရာဝတ္ထုတွေကို နဂါး ဘုရင်ခုနှစ်ပါးရဲ့ နေထိုင်ရာမှာ ဘာကြောင့် ဝှက်ထားရတာလဲ… ဒီပစ္စည်းတွေကို ပင်လယ်ခုနှစ်စင်းနဂါးဘုရင်က မလိုအပ်ဘူးဆိုရင် တောင် နဂါးဘုရင်ခုနှစ်ပါးရဲ့ နေရာခုနှစ်ခုမှာ ဒီလောက်ဒုက္ခခံပြီး ဖွက်ထားဖို့ သူ့အတွက် မလိုအပ်ဘူးမလား… ဟုတ်တယ်မလား..”

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Место, где живут истории. Откройте их для себя