91 - 95

260 19 0
                                    

အခန်း(၉၁) ကြယ်တာရာခုတ်ဖြတ်ခြင်းဓား အလင်းတန်း

လီရွှမ် နှင့် အပေါင်းအပါများသည် ကြက်ဉအရွယ် အမြုတေတစ်ခု ကျိုးဝမ်ဆွဲထုတ်လိုက်သည်ကိုသတိထားမိလိုက်သည်။ ထိုအမြုတေ ကြည့်ရသည်မှာ ဝိုးတဝါး နှင့် နီမြန်းတောက်ပလင်းလက်နေသည်။ နီမြန်းတောက်ပနေခြင်းသည် နတ်ဆိုးဗိုလ်ချုပ်အသွင်အပြင် ရှိပြီး ရှေးဦးမူလစွမ်းအားသိုင်းကျွမ်းကျင်မှု အမြုတေဖြစ်နေသည်။

“ဓား နတ်ဆိုးဗိုလ်ချုပ်ရဲ့ ရှေးဉီးမူလစွမ်းအားသိုင်းကျွမ်းကျင်မှုပဲ၊ ငါစူးစမ်းကြည့်လိုက်မယ်၊ အဲဒါက ကြယ်တာရာခုတ်ဖြတ်ခြင်းဓား ဆိုရင်တော့ သူကတကယ်ကြီး ချမ်းသာမှုကို တံခါးခေါက်မိတာပဲ” လီရွှမ်ပြောရင်း  ချဉ်းကပ်လာကာ အမြုတေကို တစ်ချက်ကြည့် လိုက်သည်။

ဓား နတ်ဆိုးဗိုလ်ချုပ်တွင် အမျိုးမျိုးသော ရှေးဦးမူလစွမ်းအားသိုင်း ကျွမ်းကျင်မှုရှိသောကြောင့် ကြယ်တာရာခုတ်ဖြတ်ခြင်းဓားသိုင်း သည် ထိုထဲမှ တစ်ခုဖြစ်သည်။ သိုင်းကျွမ်းကျင်မှုအမြုတေရခဲ့ တောင်မှ ၎င်းသိုင်းကျွမ်းကျင်မှုအမြုတေရဖို့ အခွင့်အရေးကလည်း အလွန်အမင်းနည်းပါးသည်။

ဘေးရပ်နေသည့် အန်ကျင့်မှ ရုတ်တရက် ပြောလိုက်သည်
“နတ်ဆိုး ဗိုလ်ချုပ်ပုံရိပ်အမြုတေအတွင်းမှာရှိပြီး အနီရောင်အလင်းမှိန်မှိန် လေးလင်းပြီး သူ့ဦးခေါင်းမှာစာလုံးထွင်းထားရင် အဲဒါ ရှေးဦးမူလ စွမ်းအားသိုင်းကျွမ်းကျင်မှု ကြယ်တာရာခုတ်ဖြတ်ခြင်းဓားသိုင်းပဲ”

“ဒါကြီးက တကယ်ကြီး ကြယ်တာရာခုတ်ဖြတ်ခြင်းဓားသိုင်းပဲ! အဘိုးကြီးကျိုး မင်းရဲ့ဟာက တကယ်ကြီးကို ပြိုင်ဘက်ကင်းပဲကွ”
လီရွှမ် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး
“မင်းရောင်းချင်တယ်ဆိုရင် ငါ့ကို ရောင်းပေးကွာ၊ ငါက သူရဲကောင်းအဆင့်တက်တော့မှာ ဆို တော့ ငါအဲဒါကိုအသုံးပြုလို့ရနိုင်တယ်”

ကျိုးဝမ် ချက်ချင်း ခေါင်းယမ်းလိုက်ပြီး အမြုတေကို သူ၏ အိတ်ကပ် အတွင်းသိမ်းထားလိုက်သည်။ ပုံမှန်လူများသည် သေမျိုးအဆင့်တွင် သူရဲကောင်းအဆင့် ရှေးဦးမူလစွမ်းအားသိုင်းကျွမ်းကျင်မှု အမြုတေ ကို မစုပ်ယူနိုင်ကြပါ၊ မည်သည့်အင်အားသုံးစုပ်ယူမှုမျိုး ပြုလုပ်ပါစေ ခန္ဓာကိုယ်သည် ထိခိုက်ဒဏ်ရာရပြီး ဆိုးရွားသောကိစ္စများဖြစ်ကာ သေဆုံးခြင်းပင် ဦးတည်သွားနိုင်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now