861 - 865

193 23 0
                                    

အခန်း(၈၆၁) တောင်စောင့်နတ်ဗိမာန်

        ကျိုးဝမ် သည် သယ်ယူပို့ဆောင်ရေးအဖွဲ့ကို ကူညီရန် အာဏာ ရှင်ဘီလူးကြီးကို တိုက်ရိုက်အမိန့်ပေးခဲ့ပြီး သူတို့၏ ထရပ်ကားများ နှင့် ကုန်ပစ္စည်းများကို ပျက်စီးနေသောလမ်း၏ အခြားတစ်ဖက်သို့ ပို့ဆောင်‌ပေးစေခဲ့သည်။

ထရပ်ကားများမှာ အာဏာရှင်ဘီလူးကြီးအတွက်တော့ အရုပ် လေးများလိုပင်…။ ၎င်းတို့ကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူ သွားခဲ့သည်။

  များမကြာမီ ကုန်တင်ထရပ်ကားများ၊ ကုန်ပစ္စည်းများ နှင့် လူများအားလုံးမှာ ပျက်စီးနေသောလမ်း၏ တစ်ဖက်သို့ ရွှေ့ပြောင်း ပြီးသွားခဲ့ပါပြီ..။ 

        " မင်းနာမည်ကို သိလို့ရမလား.."

      အရာရှိက ကျိုးဝမ်ကို မေးမြန်းလိုက်သည်။

        " ကျိုးဝမ် "

    ကျိုးဝမ်က ပြန်ဖြေပြီးသည်နှင့် အရာရှိကို စကားဆက်ပြော လိုက်သည်။

        " မြန်မြန်ထွက်သွားတော့…ဒီနေရာမှာ ဒိုင်မေးရှင်းမျိုးနွယ်ခြား သတ္တဝါတစ်ကောင်တည်းရှိတာ မဖြစ်နိုင်ဘူး… ပိုပြီးကြောက်စရာ ကောင်းတဲ့ တည်ရှိမှုမျိုးတွေတောင် ရှိလိမ့်မယ်… ဆက်ပြီး နှောင့် နှေးနေမယ်ဆိုရင် အန္တရာယ်ရှိလိမ့်မယ်.."

      အရာရှိက ကျိုးဝမ်ကို ဦးညွတ်လိုက်ပြီး အချိန်ဖြုန်းမနေဝံ့ တော့ပါ။ သူသည် စစ်သားများအားလုံးကို ထရပ်ကားများပေါ်သို့ တက်ခိုင်းလိုက်ပြီး ကုန်ပစ္စည်းများနှင့်အတူ ထွက်ခွာရန် ချက်ချင်း ညွှန်ကြားခဲ့သည်။

        " ဗိုလ်ကြီး ကျင်း.. အာဏာရှင်ဘီလူးကြီးက ကျွန်တော်တို့ အရှေ့ပိုင်းနယ်မြေရဲ့ တွဲဖက်သားရဲဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်း ကမှ မမျှော်လင့်ထားမိဘူး… နောက်ပြီး အဲဒါကို လူငယ်ကျောင်း သားလေးက ပိုင်ဆိုင်ထားတယ်… အဲဒီ ကျိုးဝမ်က တကယ်ကို အထင်ကြီးစရာ ကောင်းတယ်… သူ့တွဲဖက်သားရဲက စွမ်းအားကြီးရုံ သာမက ကိုယ်တိုင်ကလည်း သန်မာလွန်းတယ်.. သူက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ဒိုင်မေးရှင်းသတ္တဝါကိုတောင် ဓားချက်တစ် ချက်တည်းနဲ့ သတ်ဖြတ်နိုင်တယ်... တကယ်လို့ လူသားမျိုးနွယ်ရဲ့ ကျောင်းသားတွေအားလုံးဟာ သူ့လိုမျိုးအစွမ်းထက်နေမယ်ဆိုရင် အနာဂတ်မှာ ဒိုင်မေးရှင်းသတ္တဝါ‌တွေကို ကျွန်တော်တို့ကြောက်နေ စရာမလိုအပ်တော့ဘူးမလား…"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now