71 - 75

235 25 1
                                    

အခန်း(၇၁) ဖျားနာခြင်း

နာကျင်စွာညည်းတွားသံသည် တစ်ဖက်ခြံဝင်းမှ ဆက်လက် ထွက်ပေါ်နေသည်။ ကျိုးဝမ် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး သူသည်တစ်ချက်သွားကြည့်ရန် တုံ့ဆိုင်းနေသည်။

သို့သော် အန်ကျင့်သည်အကြောင်းအကျိုးမညီညွတ်သည့်လူ ဖြစ်သည်ဟု သူစဉ်စားမိသောအခါ သူမနှင့်ပတ်သက်ပြီး မည်သည့် အရာကိုမှ မလုပ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက် သည်။

ထို့အပြင် သူတို့ကျောင်းပုရဝဏ်အတွင်းရှိနေပြီး ပိုပြီး အားသာချက်မှာ ဆေးရုံနှင့်တွဲလျက်တည်ရှိနေခြင်းဖြစ်သည်။ အကယ်၍ အန်ကျင့်သည် အမှန်တကယ် ဒုက္ခရောက်နေပါက သူသည် ဖုန်းတစ်ချက်ဆက်ရန်သာလိုအပ်ပြီး ဆရာဝန်တစ်ယောက် အမြန်ရောက်လာကာ ကုသပေးနိုင်သည်။

ကျိုးဝမ် သည် အမှန်တရားနားဆင်သူ နားကွင်းပုံစံကို ချွတ်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခု မြေကြီးပေါ်ကို ပြင်းထန်စွာကျသွားသည့် အသံကို ကြားလိုရသည်။

ထိုအသံ ကျိုးဝမ် ဘယ်ဘက်နားသို့ရောက်သောအခါ အန်ကျင့်သည် မြေကြီးပေါ်သို့ အမြင့်တစ်ခုမှ ပြုတ်ကျသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခု သူ၏စိတ်တွင် ပေါ်လာသည်။ တစ်ဖက်ခြံဝင်း တိတ်ဆိတ်သွားသည် နှင့် ထိုပုံရိပ်သည် ချက်ချင်းပင်လုံးဝ ပျောက်ကွယ်သွားသည်။

“အန်ကျင့် ကို တစ်ခုခုဖြစ်ပျက်နေပြီလို့ ငါ့ကို မပြောစမ်းနဲ့”

  ကျိုးဝမ် သည် အန်ကျင့်နှင့် လုံးဝမပတ်သက်ချင်သလို သူနှင့် သွေးသား တော်စပ်ခြင်းလည်းမရှိပါ။ သူမအမေ အို့ယန်လန်ပေါ်တွင် ကျေးဇူး ကြွေးတင်နေသဖြင့် သူသည် သူမသေဆုံးသွာသည်ကို ကြည့်မနေ နိုင်တော့ပါ။

အနည်းငယ်တုံ့ဆိုင်းပြီးနောက် ကျိုးဝမ် တစ်ဖက်ခြံသို့သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မျက်နှာသစ်လိုက်ပြီး အဆောက်အဉီးတွင်းမှ ထွက်လိုက်သည်။ သူသည် သစ်သားခြံစည်းရိုးအနိမ့်လေးကို ခုန်ကျော်လိုက်ပြီး အန်ကျင့်၏ အိမ်ရှေ့တံခါးရှေ့တွင် ရပ်လိုက်၏။ ကင်မရာနှင့်တွဲထားသည့် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ အန်ကျင့် ပြန်ဖြေလျှင် ထိုအဓိပ္ပါယ်မှာ သူမအခြေအနေကောင်း သည်ဟု ကျိုးဝမ် ယုံကြည်နိုင်ပြီဖြစ်သည်။ ထိုအခါ သူပြန်ပြီး ဂိမ်း ဆော့နိုင်ပြီ ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now