476 - 480

193 23 0
                                    

အခန်း(၄၇၆) ပြန်လမ်းမရှိပါ


     ဘာဘာရာ ထိတ်လန့် အံ့အားသင့်နေချိန်တွင် ကျိုးဝမ်၏ ပုံရိပ် သည် ဖျက်ခနဲဖြစ်သွားပြီး လမ်း၏ တခြားတစ်ဖက်သို့ ပြေးသွားခဲ့ သည်။ သူ့အရှိန်သည် အလွန်လျင်မြန်သောကြောင့် သူမသည် သွား ရာလမ်းကြောင်းကိုပင် မမြင်နိုင်ခဲ့ပါ။ သူသည် ဝိညာဉ်တစ်ကောင် နှင့် တူပြီး မယုံနိုင်လောက်သောအရှိန်ဖြင့် ထပ်မံ ပေါ်ပေါက်လာ၏။

   မီဒူဆာသည် အရှိန်မြှင့်စက်တစ်ခုကို ဖွင့်လှစ်လိုက်သည်ဟု ထင်ရအောင် ကျိုးဝမ် နောက်လိုက်လာခဲ့ပြီး စူးရှရှအော်ဟီသံ တစ်ချက်ကို ပြုလုပ်ခဲ့သည်။

       ကျိုးဝမ် သည် မီဒူဆာကို ထိပ်တိုက်ရင်ဆိုင်ရန် စီစဉ်ထားခြင်း မရှိပါ။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများမှာ မသက်သာသေးသည့် အတွက် ပြင်းထန်သောတိုက်ပွဲတစ်ခု တိုက်ခိုက်ရန် သူ့အတွက် သင့် တော်ခြင်း မရှိပါ။ အကယ်၍ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါက ပြင်းထန်သော တိုက်ခိုက်ချက်များသည် သူ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ထပ်မံဆုတ်ဖြဲသွားနိုင်သည်။

       သူသည် တစ္ဆေခြေလှမ်းများကို အဆက်မပြတ် အသုံးပြုခဲ့၏။ သတ်ဖြတ်သူကြောင့် အဆုံးမရှိ ရှေးဦးမူလစွမ်းအားအဆုံးမရှိ ရှိနေ ခြင်းကိုကျေးဇူးတင်ရမည်ဖြစ်ပြီး ကျိုးဝမ် သည် တစ္ဆေခြေလှမ်းများ ကို ဆက်တိုက်အသုံးပြုနိုင်ခြင်း ဖြစ်၏။ သူသည် မီဒူဆာအား ပင်လယ်ဆီသို့ မျှားခေါ်သွားခဲ့သည်။

       မီဒူဆာ အား ကျိုးဝမ်က မျှားခေါ်သွားသည်ကို မြင်လိုက်ရ၍ ဘာဘရာသည် အဆောက်အဦးမှ အဆောတလျင်ခုန်ချလိုက်ပြီး လူးတက်စ်ပြုတ်ကျသော နေရာဆီသို့ ပြေးသွားခဲ့သည်။

     လူးကတ်စ် သွေးတစ်လုပ် အန်ထုတ်ခဲ့သည်။ သူ့အသားအရည် အချို့မှာ ကျောက်ဖြစ်သွားခဲ့သော်လည်း ပြင်းထန်လွန်းပုံမရပါ။ ဘာဘရာက သူ့ဆီ မရောက်မီ လူးကတ်စ်သည် အပျက်အစီးကြား မှ ကုန်းရုန်းထနေပြီ ဖြစ်သည်။

       "မီဒူဆာ ဘယ်မှာလဲ"

     လူးကတ်စ် လှည့်ပတ်ကြည့်သော်လည်း မီဒူဆာကို မတွေ့ပါ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Où les histoires vivent. Découvrez maintenant