896 - 900

189 23 0
                                    

အခန်း(၈၉၆) အနှစ်သာရစွမ်းအားဆေးလုံး

        ကျိုးဝမ် ပြန်ရောက်သောအခါ ရှေးဦးမူလလူသားအင်ပါယာ၏ စွမ်းအားများကို ဂရုတစိုက်လေ့လာခဲ့ပြီး ၎င်းမှာ အမှန်တကယ် စွမ်းအားကြီးကြောင်း နားလည်သွားခဲ့သည်။ ခွန်အားစွမ်းရည်နှင့် ရှေးဦးမူလစွမ်းအားကျင့်စဉ်တစ်ရပ်မှ ပေါင်းစပ်လာသော အသက် ဝိညာဉ်သည် မျှော်လင့်ထားသလိုပင်…။

ပြီးပြည့်စုံသောခန္ဓာကိုယ်ဖြစ်သော ရှေးဦးမူလလူသားအင်ပါ ယာအသက်ဝိညာဉ်သည် ကျိုးဝမ်နှင့် ပေါင်းစပ်ပြီးနောက် ၎င်းထုတ် လုပ်နိုင်သည့်စွမ်းအားမှာ အားနည်းသောဒဏ္ဍာရီလာအဆင့်သတ္တဝါ တစ်ကောင်ကို ယှဉ်နိုင်လုနီးပါးပင်…။

ရယ်စရာကောင်းသည်မှာ ဤစွမ်းအားသည် အစွမ်းထက်သည့် အရေးကြီးသောအနှစ်သာရများ၏ ပေါက်ကွဲခြင်းမှ ဆင်းသက်လာ ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ရှေးဦးမူလလူသားအင်ပါယာ သည် အဖျက်စွမ်းအားကိုထုတ်ပေးပြီးနောက် လောင်ကျွမ်းနေသည့် အရေးပါသောအနှစ်သာရ၏စွမ်းအားသည် ပျက်စီးနေသောအသက် ပုံစံများကို ကုစားပေးမည် ဖြစ်သည်။

     ထို့ကြောင့် ကျိုးဝမ်သည် တစ်စုံတစ်ဦးကို ဒဏ်ရာရစေပြီး နောက် အဆိုပါဒဏ်ရာများကို သူက အလိုအလျောက် ပြန်လည် ကုသပေးသွားမည် ဖြစ်သည်။ သူတို့ကို နာကျင်မှုအချို့ ဖြစ်စေသည် ကလွဲ၍ အခြေခံအားဖြင့် အသုံးမဝင်ပေ..။

        “ ဒါက ဘယ်လိုငရဲမျိုးလဲ … စွမ်းအားကြီးတဲ့ ဖျက်ဆီးခြင်း အနှစ်သာရရှေးဦးမူလစွမ်းအားကျင့်စဉ်နဲ့ အသက်ဝိညာဉ်တစ်ခု ရှိဖို့ က ငါ့အတွက် လွယ်ကူတာမဟုတ်ဘူး… ဒါပေယ့် ငါရလာခဲ့တဲ့အရာ က ဘာကြီးလဲ..”

        ကျိုးဝမ် သည် သူပျော်ရမလား (သို့) စိုးရိမ်ရမလား မသိတော့ ပါ…။

     ခွန်အားကို ကိုယ်စားပြုသော ရှေးဦးမူလစွမ်းအားကျင့်စဉ်တွင် ကုသပေးနိုင်သောစွမ်းရည်ရှိသည့် အသက်ဝိညာဉ်တစ်ခု ရှိလာလိမ့် မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါ..။ ပိုဆိုးသည်မှာ ထိုကုသပေးနိုင်သောစွမ်းရည်မှာ သူ့အတွက် အသုံးမဝင်ခြင်းပင်..။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now