141 - 145

226 22 0
                                    

အခန်း(၁၄၁) ထူးဆန်းသည့် မောင်နှမများ

  ကျိုးဝမ်သည် သွေးတစ်စက်ချလိုက်ပြီး အသက်ပြန်သွင်းကာ ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်စဉ် အဝေးဆီမှ အသံတစ်သံကို ရုတ်တရက်ကြားလိုက်သည်။ အသံသည် စတင်ပြီးကြည်လင်လာ ပြီး တစ်စုံတစ်ယောက် လမ်းလျှောက်လာသည်ဟု ထင်ရသည်။

       "အကို အဲဒီဟာက တကယ်ကြီး ကျားလှောင်ချိုင့်ဂိတ်ထဲမှာ ရှိနိုင်တာလား?"

အမျိုးသမီးတစ်ယောက်၏ အသံတစ်သံကို ကြားလိုက်သည်။ ၎င်းအသံသည် တိုးညင်းပြီး တော်တော်ဝေးနေသေးသော်လည်း ကျိုးဝမ်သည် အမှန်တရားနားထောင်သူ၏ စွမ်းအားဖြင့် သေချာ ရှင်းလင်းစွာ ကြားလိုက်ရသည်။

"အဖြစ်နိုင်ဆုံးနေရာက ကျားလှောင်ချိုင့်ဂိတ်ပဲ"

အမျိုးသားတစ်ယောက်၏ အသံသည် ကျယ်လောင်စွာ ထွက် ပေါ်လာသည်။

  "အဲဒီအရာက တကယ်ကြီး ကျားလှောင်ချိုင့်ဂိတ်မှာ ရှိနေ တယ်ဆိုရင်တောင်မှ ညီမတို့အရည်အချင်းနဲ့ အလျင်စလိုသွားလိုက် လို့ မတတ်နိုင်ဘူး၊

ညီမတို့သွားလိုက်တဲ့ခရီးက အလဟဿဖြစ်သွားမှာကို စိုးရိမ် နေမိတယ်"

"သေချာပေါက် အဲဒီလိုမဖြစ်နိုင်ဘူး"

အမျိုးသားသည် ရယ်မောရင်းပြောလိုက်သည်။

"ကျားလှောင်ချို့အတွင်းမှာရှိနေတဲ့အရာက တော်ဝင်သူရဲ ကောင်း အဆင့်တစ်ယောက်အတွက်တောင် မလွယ်ကူဘူး၊ ငါတို့ ဆိုရင် မြှားတစ်ချောင်းကိုတောင် ဖမ်းမိနိုင်ဖို့  မဖြစ်နိုင်မှာကို ကြောက်မိတယ်၊ အဲဒီအတွက် ဘယ်လိုလုပ်ငါတို့ အလျင်အမြန် ဝင်လို့ဖြစ်မှာလဲ?" အမျိုးသမီးက ဆက်ပြောလိုက်သည်။

"ဘာမှမသိဘဲ ချီတက်သွားလို့ကတော့ အလုပ်ဖြစ်မှာ မဟုတ် ဘူး၊ ဒါပေမယ့် ….. ငါကအထဲကို ဘယ်လိုဝင်ရမယ်ဆိုတဲ့နည်းလမ်း ကို သိထားတယ်" အမျိုးသားသည် ခနရပ်လိုက်ပြီး ဆက်ပြောလိုက် သည်

       "ဒီမှာ မျိုးကွဲနတ်ဆိုးဗိုလ်ချုပ်သုံးမျိုးရှိတယ်မလား စက္ကူ၊ လက်သီး၊ ဓား ရယ်ဆိုပြီး ကျားလှောင်ချိုင့်ဂိတ်မှာ ရှိကြတယ်၊ တကယ်လို့ ငါတို့နတ်ဆိုးဗိုလ်ချုပ်အားလုံးရဲ့ သိုင်းကျွမ်းကျင်မှုကို စုစည်းရရှိနိုင်မယ်ဆိုရင် အဲဒါတွေကို စုစည်းပြီး မြှားကို ကျော်ဖြတ် နိုင်မှာပဲ၊ အဲဒီအချိန်ရောက်လာလို့ရှိရင် အချိန်ကြာလာတာနဲ့အမျှ ငါတို့ ကျားလှောင်ချိုင့်ဂိတ်ကို နီးကပ်သွားနိုင်လိမ့်မယ်၊ နီးကပ်သွား တာနဲ့ ငါတို့ လျှို့ဝှက်လိုဏ်ခေါင်းကို ဖြတ်သန်းဝင်ရောက်နိုင်ပြီ"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Unde poveștirile trăiesc. Descoperă acum