36 - 40

262 25 2
                                    

အခန်း(၃၆) အုပ်စုတောင့်ဖို့လိုတယ်

သွေးနီရောင်ကိုယ်ပွားသည် အရိုးခြောက်ဗိုလ်ချုပ်၏ အမြုတေကို ကောက်ယူလိုက်သည်နှင့် ချက်ချင်းပင် ပြင်းထန်သော ရှေးဉီးမူလ စွမ်းအားများ လှိမ့်တက်လာပြီး ကျိုးဝမ်၏ ခန္ဓာကိုယ်အတွင်း လွန်နှင့်အပေါက်ဖောက်သည့်ပမာ လမ်းကြောင်းသစ်များဖွင့်ဖောက် စီးဆင်းနေသည်။

အင်အားများဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးသောအခါ ဂိမ်း မျက်နှာပြင်တွင် အသိပေးချက်တစ်ခုပေါ်လာသည်။
“အရိုးခြောက်ဗိုလ်ချုပ်အမြုတေစုပ်ယူပြီး သူရဲကောင်းအဆင့် ရှေးဉီးမူလစွမ်းအားသိုင်းကျွမ်းကျင်မှု - ထိုးထွင်းသိမြင်ထိုးဖောက် ခြင်းသိုင်း ရရှိပြီး”

ကျိုးဝမ် ထိခိုက်ဝေဒနာခံစားနိုင်သည့်အတွက် ပြင်ဆင်ထားသော် လည်း အရာအားလုံးသည် အဆင်ပြေချောမွေ့စွာပြီးဆုံးသွားသဖြင့် အံ့အားသင့်သွားသည်။
သေမျိုးအဆင့်ကိုယ်သည် သေမျိုးအဆင့်ရှေးဉီးမူလစွမ်းအားသိုင်း ကျွမ်းကျင်မှု အမြုတေကိုသာ ပုံမှန်အားဖြင့် ပေါင်းစပ်နိုင်သည်။

သူရဲကောင်းအဆင့်ရှေးဉီးမူလစွမ်အားသိုင်းကျွမ်ကျင်မှုကို အင်အား သုံးပြီးပေါင်းစပ်က ကြီးမားသောအကျိုးသက်ရောက်မှု ဝေဒနာကို ခံစားရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကိုယ်တွင်းဆုံမှတ်များ ထိခိုက်ပျက်စီးနိုင်ပြီး နောက်ဆုံးသေဆုံးနိုင်သည်။

ကျိုးဝမ် သူ၏ခန္ဓာကိုယ်သည် သာမန်သေမျိုးအဆင့်ထက် သန်မာသည်ကို အားကိုးခြင်း နှင့် ဂိမ်းထဲတွင် သေရမှာမကြောက်ခြင်းတို့က သူရဲကောင်းအဆင့်ရှေးဉီးမူလစွမ်းအားအမြုတေကို စုပ်ယူရန် သတ္တိ ရှိခြင်း ဖြစ်သည်။

ဖြစ်စဉ်များသည် ချောမွေ့လွန်းပြီး ရှေးဉီးမူလ စွမ်းအားလမ်းကြောင်းသစ်ဖြတ်သန်းခြင်း နာကျင်မှုသာရှိခဲ့ပြီး မည်သည့် ထိခိုက်မှုတစ်ခုမှ မရှိခဲ့ချေ။

“ဂိမ်းထဲမှာဖြစ်လို့ ဒီလိုဖြစ်တာလား - ပျောက်ဆုံးအင်မော်တယ် ဆုဒြာကျင့်စဉ်ရဲ့ သက်ရောက်မှုတစ်ခုလား?” ကျိုးဝမ် သည် အကြောင်းပြချက် မသေချာသော်လည်း ယခုအရာသည် သူ့အတွက် ကန့်သတ်မဲ့ဆုလဘ်တစ်ခုပင် ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now