741 - 745

153 23 0
                                    

အခန်း(၇၄၁) ယှဉ်ပြိုင်ခြင်း

သို့သော်လည်း ကျိုးဝမ် စိတ်ဓာတ်မကျခဲ့ပါ။ ထိုအစား ဒါက အခွင့်အရေးတစ်ခုဖြစ်နိုင်သည်ဟု သူခံစားနေရသည်။

        အဆိုပါ အုပ်ထိန်းသူဘေးနားတွင်ရှိခြင်းသည် အခြားသော လေဟာနယ်ဟင်းလင်းပြင်ကျွမ်းကျင်သူတစ်ဦးအား လေ့ကျင့်ဖော် အဖြစ်ရရှိထားသည်နှင့် ညီမျှသည်။ ပျောက်ဆုံးနိုင်ငံ တိုးတက်ရန် အခွင့်အရေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

        ကျိုးဝမ် သည် ပြန်လည်ရှင်သန်စေရန် သူ့သွေးတစ်စက်ချခဲ့ပြီး အုပ်ထိန်းသူကို စိန်ခေါ်ရန် ဂိမ်းအတွင်းသို့ ထပ်မံဝင်ရောက်သွားခဲ့ သည်။ သူသည် သဘာဝအတိုင်း ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့ သော်လည်း ကျိုးဝမ်သည် သူ့အပေါ်တွင် အခြားလူ၏ လေဟာနယ် ဟင်းလင်းပြင်ဆိုင်ရာစွမ်းအားများ လွှမ်းမိုးမှုကိုလည်း ခံစားသိရှိခဲ့ ရသည်။

အုပ်ထိန်းသူ၏ အမျိုးမျိုးသော လေဟာနယ်ဟင်းလင်းပြင် အမျိုးအစားစွမ်းရည်များကို ကြည့်ရှုပြီး ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံ တွေ့ကြုံခံစားခြင်းအားဖြင့် ကျိုးဝမ်သည် ၎င်းအမျိုးအစားစွမ်းရည် များကို ပိုမိုထိုးထွင်းသိမြင်လာခဲ့သည်။ ယခင်တုန်းက သူမည်ကဲ့သို့ လေ့လာခဲ့သည်ဖြစ်စေ ထိုအရာများသည် သီအိုရီဗဟုသုတများသာ ဖြစ်သည်။ ယခုလိုမျိုး အတွေ့အကြုံရရှိသည့် အခွင့်အလမ်းတစ်ခု သည် အလွန်ရှားပါးလွန်းသည်။

*****

        ကျိုးဝမ် သည် ဂိမ်းဆော့ရင်း အကြိမ်ကြိမ်သေဆုံးနေချိန်တွင် ရှားလျှိုချွမ် သည် အရှေ့ရင်ပြင်သို့ ထပ်မံရောက်ရှိလာပြီး တားမြစ် မြို့တော်၏ အထွဋ်အထိပ်တွင် ကျိုးဝမ်နှင့် သူ ယှဉ်ပြိုင်ရန် စီစဉ် ထားသည့် တိုက်ပွဲအကြောင်း ပြောပြခဲ့သည်။

        " တားမြစ်မြို့တော်ဆိုတာ ငါတို့ ရှားမိသားစုရဲ့ တားမြစ်နယ် မြေဆိုတာ မင်းသိထားသင့်တယ်… အပြင်လူတွေကို ဝင်ခွင့်မပေး ထားဘူး.."

     သခင်ကြီး ရှားက ပြောလာခဲ့သည်။

        " ကျွန်တော်သိပါတယ်..ဒါပေမယ့် အဲဒီနေရာမှာသူနဲ့တိုက်ခိုက် ဖို့ ကျွန်တော်လည်း ဆန္ဒရှိပါတယ်.."

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now