376 - 380

206 17 0
                                    

အခန်း(၃၇၆) အဖြူရောင် အင်မော်တယ်

   "အဘိုးကြီး ကျိုး…မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး…ငါ့တွဲဖက်သားရဲစွမ်းရည်ကို စမ်းသပ် ကြည့်နေတာ…ဒါပေမယ့် စိတ်ပျက်စရာပဲ"

        ကျိုးဝမ် အမှန်အတိုင်း အဖြေပေးလိုက်သည်။

"ဘာတွဲဖက်သားရဲကောင်မျိုးလဲ? ဝေဒနာခံစားရပြီးနောက်မှ အဲဒီကောင်က သူ့ခွန်အားကို ပြသနိုင်တာလား?"

        လီရွှမ် သည် ပိုပြီးပင် သိချင်လာမိသည်။

သို့သော်လည်း ကျိုးဝမ်သည် စိတ်ဓာတ်ကျသည့်ပုံစံဖြင့် လက် ကိုသာ ဝှေ့ယမ်းလိုက်သည်။

"မေ့လိုက်ပါတော့ကွာ… ငါမှားသွားတာပါ…ဒီအတိုင်းပဲ ထား လိုက်ပါတော့…ငါအခု ပြန်တော့မယ်"

"မသွားနဲ့ဦး…ငါ ဖုန့်ချိုးယန်နဲ့ ကူတိအန်တို့ကိုလည်း ချိန်းထား တယ်…လူစုံရင် ငါ မင်းတို့အားလုံးကို နေကောင်းလေးတစ်ခုဆီခေါ် သွားမယ်"

"ဘယ်သွားမလို့လဲ?"

   လီရွှမ်သည် အနက်ရောင်ဝင်ခွင့်လက်မှတ်ကို ထုတ်ပြလိုက်ပြီး ‌ပြောလိုက်သည်

        "ဒါကို မင်းမြင်လား?.....ဒါက အဖြူရောင်အင်မော်တယ်ဘုရား ကျောင်းကို ဝင်ခွင့်လက်မှတ်ပဲ….ဒါကို ရနိုင်ဖို့က အရမ်းခက်ခဲတယ် … လူငါးယောက်ပဲ ဝင်နိုင်တယ်… မင်းရယ်…အားလိုင်၊ ဖုန့်ချိုးယန်၊ ကူတိအန်နဲ့ ငါတို့ အတူတူသွားကြမယ်"

        [ အဖြူရောင်အင်မော်တယ်ဘုရားကျောင်း? ကောလိပ်ဝင်း အတွင်းမှာ ဒီလိုချိတ်ဆက်မှုနယ်မြေတစ်ခု ရှိလို့လား? ]

        ကျိုးဝမ် သေချာတွေးတောကြည့်လိုက်သော်လည်း ကောလိပ် ဝင်းအတွင်း၌ ထိုကဲ့သို့ နာမည်မျိုးနှင့် ချိတ်ဆက်မှုနယ်မြေရှိသည် ကို မသိဘဲ ဖြစ်နေသည်။

"အဲဒါငါတို့ကောလိပ်ထဲမှာ မဟုတ်ဘူး…ဒါပေမယ့် လော့ယန် မြို့အတွင်းမှာပဲ…နေရာကောင်းတစ်ခုပဲ…မင်း ရောက်ရင်တွေ့လိမ့် မယ်ကွာ"

        လီရွှမ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

"အဖြူရောင်အင်မော်တယ်ဘုရားကျောင်းက အဖြူရောင်မြွေ သခင်မအတွက် တည်ထားတဲ့နေရာမဟုတ်ဘူးမလား?"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now