811 - 815

219 23 0
                                    

အခန်း(၈၁၁) ဒဏ္ဍာရီလာအဆင့်

ကျိုးဝမ်သည် ငွေရောင်ဆံပင်တွဲဖက်သားရဲကို တစ်ချက်သွား ကြည့်ကာ ရှီးယွမ်ဆိုင်အတွင်းသို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ တွဲဖက်သားရဲသည် မည်မျှပင်သန်မာနေပါစေ လက်ရှိအခြေအနေ တွင် ၎င်းသည် တွဲဖက်သားရဲအရောင်းဆိုင်က နည်းလမ်းတစ်ခုဖြင့် သော့ခတ်ထားခြင်း ခံထားရသဖြင့် သူ့အပေါ် တစ်စုံတစ်ရာဖြစ်ပျက် ရန်အတွက် အကြောင်းပြချက် မရှိနိုင်ပါ..။ အမှန်တော့ ချင်ရှီးယွမ် နှင့်အဖွဲ့သည် အဆင်ပြေနေသေးသည် မဟုတ်ပါလား…။

        [ သတ္တုပြားကို ငါမထိသရွေ့ ဒါမှမဟုတ် လျှို့ဝှက်နံပါတ်ကို ရိုက်မထည့်သရွေ့ အဆင်ပြေလောက်မှာပါ…]

        ကျိုးဝမ် သည် သူ့စိတ်ကို သူပြင်ဆင်လိုက်၏။ ဘီလ်ပေး ဆောင်ပြီးနောက် ကော်ဖီဆိုင်မှ ထွက်ခွာကာ နေရာလွတ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ဆင်ပြီး ရှီးယွမ်စတိုး သို့ လမ်းလျှောက်သွားခဲ့သည်။

        ကျိုးဝမ် သည် ဆိုင်တွင်းအခြေအနေကို သိပြီး ဖြစ်သည်။ ချင်ရှီးယွမ်သည် ထိုနေရာတွင် မရှိသောကြောင့် သူ့ကိုမြင်နိုင်မည့် နေရာများကို ရှောင်ရှားပြီး စတုတ္ထအဆင့်သို့ ရောက်မည့် ဓာတ်လှေ ကားဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

ထိုအဆောက်အဦးသည် သူ့အတွက် လျှို့ဝှက်ချက် ရှိမနေခဲ့ပါ။ ကျိုးဝမ်သည် လေဝင်လေထွက်ပြုလုပ်ထားသော ပြွန်အချို့ကို ဖြတ် ကျော်ပြီး ထိပ်ဆုံးအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

        သူသည် B4 သို့ တိုက်ရိုက်မသွားချင်သောကြောင့် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် B4 ကို လုံးဝစည်းပိတ်ထားသောကြောင့် ဖြစ်သည်။ လေဝင်လေထွက်ပြွန်များသည် ထိုနေရာသို့ မရောက်ရှိ နိုင်ပေ…။

သို့သော်လည်း ကျိုးဝမ်အတွက် ထိုကိစ္စမှာ ခက်ခဲခြင်းမရှိပါ။ မြေအောက်စတုတ္ထထပ် B4 သို့ ဝင်ပေါက်တစ်ခုသာ ရှိပြီး ၎င်းမှာ အထူးဓာတ်လှေကား ဖြစ်သည်။ ချင်ရှီးယွမ်၏ ရုံးခန်းအတွင်းမှာ ရှိ နေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now