586 - 590

162 15 0
                                    

အခန်း(၅၈၆) ဒဏ္ဍာရီလာအဆင့် တက်ရောက်ရန်နည်းလမ်း(၂)ခု

        " စိတ်အနှောက်အယှက် ဖြစ်စေတဲ့အတွက် တောင်းပန်ပါ တယ် "

    ပန်းပွင့်ချပ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျန်းယန် သည် ပိုင်ကျီ ရှိနေသော တိမ်တိုက်များဆီသို့ သူ့လက်သီးများကို ဆုပ်ပြီး ဂါဝရပြုလိုက်သည်။

      ပိုင်ကျီ၏ မျက်လုံးများသည် တစ်စုံတစ်ခုကို တွေးတောနေ သကဲ့သို့ကျဉ်းမြောင်းနေခဲ့သည်။  ခဏအကြာ၌ ၎င်းသည် လှည့်ပြန် ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်မသွားခင် ကျန်းယန် နှင့် ကျိုးဝမ် ကို တစ်ချက်ကြည့်သွားခဲ့သည်။

        "စီနီယာ အကိုကြီး… မင်းဆန္ဒအတိုင်း အုပ်ထိန်းသူကို ရရှိတဲ့ အတွက် ဂုဏ်ပြုပါတယ်.."

        ကျိုးဝမ် သည် အလျင်အမြန် ရှေ့တက်သွားပြီး ကျန်းယန် ကို ချီးကျူးဂုဏ်ပြုပေးခဲ့သည်။

     "ဒီလိုမျိုးနဲ့ မင်းကို ခွင့်လွှတ်လိုက်မယ်လို့ ထင်နေတာလား… မင်း ငါ့ကိုလုပ်ခဲ့တာတွေက ခွင့်မလွှတ်နိုင်စရာပဲ…"

      ကျန်းယန် သည် ကျိုးဝမ် ကို စိုက်ကြည့်ရင်း သူ့ပါးစပ်သည် တဖြည်းဖြည်း တွန့်ကွေးထောင်တက်သွား၏။

        ကျိုးဝမ် သည် နောက်လှည့်ပြီး တောင်ပေါ်မှ ပြေးမဆင်းခင် စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။

        သို့သော် နောက်ကျလွန်းနေပါပြီ..။ ကျန်းယန်၏ လက်ချောင်း များသည် လေဟာနယ်ကို ဖြတ်သန်းတိုက်ခိုက်လိုက်ပြီး နှင်းဆီပန်း နှင့် တူသော ပန်းတစ်ပွင့် သူ့လက်ကြားတွင် ပေါ်ပေါက်လာခဲ့သည်။ သွေးနီရောင်ပန်းလေးက လှပနေလျက်…။

"နတ်သမီးမြှုပ်နှံခြင်း၏ ဆဋ္ဌမမြောက် ယဇ်ပူဇော်ခြင်း..!"

ကျန်းယန်၏ အသံနှင့်အတူ ပန်းပွင့်မှာ ပျံသန်းထွက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

        ပန်းပွင့် တစ်ဖန်ပြန်ပေါ်လာသောအခါ ကျိုးဝမ်၏ ဆံပင်ပေါ် တွင် ကပ်နေပြီဖြစ်သည်။ အုတ်ဂူတစ်ခုထက်တွင် ပေါက်နေသော တစ်ခုတည်းသော အထီးကျန်ပန်းတစ်ပွင့်လို ဖြောင့်ဖြောင့်ကြီး ရပ် နေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Dove le storie prendono vita. Scoprilo ora