436 - 440

242 23 0
                                    

အခန်း(၄၃၆) မငိုပါနဲ့ တောင်ကြား

ကျောက်သားဆေဘာကို ဆုပ်ကိုင်မိသည်နှင့် ကျိုးဝမ် သည် ရှေးဟောင်းအရှိန်အဝါတစ်ခုထွက်ပေါ်လာသည်ကို ချက်ချင်း ခံစား မိခဲ့သည်။ ဓားရိုးကို အမှတ်တမဲ့ ဆုပ်ကိုင်ထားရင်း သူ့စိတ်များမှာ တဆတ်ဆတ်တုန်လှုပ်နေခဲ့သည်။

ဖြည်းညှင်းစွာအားစိုက်ဆွဲ၍ ကျောက်သားဆေဘာကို စတင် ပြီး ဆွဲထုတ်လိုက်သည်။ ကျိုးဝမ် သည် လမ်းညွှန်ရှေးဟောင်းမြို့ တစ်ခုလုံးလှုပ်ခတ်သွားသည်ကို ချက်ချင်းခံစားမိသည်။ မီးဖိုအတွင်း မှ မီးတောက်များ လျှံထွက်ကျလာသည်မှာ မရေမတွက်နိုင်သော အသက်များသည် အတွင်းပိုင်းမှ အော်ဟစ်လိုက်သလို ထင်ရသည်။

       ကျိုးဝမ် သည် ကျောက်သားဆေဘာကို ချက်ချင်း ပြန်ထား လိုက်ရင်း သူ့အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုမှ သာ ကြောက်မက်ဖွယ်ရာ ခံစားချက်များ ကွယ်ပျောက်သွား၏။

       [ ဒီကျောက်သားဆေဘာ…ဒါကြီးက စစ်တုရင်တောင်ပေါ်က ကျောက်စိမ်းသေတ္တာနဲ့တူတယ်လို့ ငါ့ကို မပြောနဲ့နော်…ဒါက ချိတ် ဆက်မှုနယ်မြေကို စည်းပိတ်ထားတဲ့ ပစ္စည်းတစ်ခုလား? ]

       ကျိုးဝမ် သည် ကျောက်သားဆေဘာကို လက်လွှတ်လိုက်ပြီး ထိရန်ပင် ကြောက်ရွံ့နေမိပြီ….

ကျောက်သားဆေဘာကို ဆွဲထုတ်ခြင်း၏ အကျိုးဆက်ကို သူ မသိသော်လည်း ၎င်းကို ထပ်မထိရန် ရွေးချယ်လိုက်သည်။

မီးနတ်ဘုရားစင်မြင့်ပေါ်မှ ဆင်းလိုက်ပြီးသောအခါ တစ်ခုခု လွဲမှားနေသည်ကို ကျိုးဝမ် နားလည်သွား၏။ အရိုးခြောက်စစ်သား များ လမ်းညွှန်ရှေးဟောင်းမြို့တွင် အများဆုံးရှိတတ်ခြင်းဖြစ်ပြီး အရိုးခြောက်ဗိုလ်ချုပ်များမှာ အနည်းစု ဖြစ်သည်။

       ယခု ကျိုးဝမ် သည် အနီးအနားတွင် အရိုးခြောက်ဗိုလ်ချုပ် ၁၀ ယောက်ကို တွေ့လိုက်ရ၏။ သူဝင်လာစဉ်က ၎င်းတို့ကို မမြင်ခဲ့ရပါ။ ယခုလေးတင် ပေါ်လာခဲ့သည်မှာ ထင်ရှားနေသည်။

       [ ကျောက်သားဆေဘာကို ငါ ဆွဲထုတ်လိုက်တာရဲ့ အကျိုး ဆက်က တကယ်ကြီး ရှိနေပါလား ]

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now