31 - 35

275 22 2
                                    

အခန်း(၃၁) မှတ်လို့မရတဲ့ ဆုဒြာ

ခရမ်းရောင်သတ္တုစာရွက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ ပြီး အသေးစားကာတွန်းစာအုပ်လေးတစ်အုပ်နှင့် ဆင်တူသည်။ ဖွင့်လိုက်သည်နှင့် ပါဝင်သည့်အကြောင်းအရာများကို မြင်ရသည်။ သေးငယ်သောစာလုံးလေးများသည် စာမျက်နှာတိုင်း၏နှစ်ဖက်လုံး တွင် သိပ်သည်းစွာ တည်ရှိသည်။
ကျိုးဝမ်သည် ပထမဆုံးစာမျက်နှာ၏ နောက်ကျောမှ စတင်ဖတ် လိုက်သည်။ ထိုစာမျက်နှာသည် အမှန်တကယ်ပဲ ရှေးဉီးမူလ စွမ်းအားကျင့်စဉ်၏ အဖွင့်စာမျက်နှာ ဖြစ်သည်။ အဓိကရည်ညွှန်း ထားသည်မှာ လူတို့၏ သံလိုက်စက်ကွင်းအား နှင့် ရှေးဉီးမူလ စွမ်းအားကျင့်စဉ် ဖြစ်သည်။ သူသည်ဖတ်လိုက်သည်နှင့် ရုတ်တရက် ဆာလာသည်။ မနေ့က သူဝယ်ခဲ့သည့် အစားအသောက်များတွင် ဆားစိမ်ကြက်ဉများပါသည်ကို သတိရလိုက်သည်။ သူသည် ပျောက်ဆုံးအင်မော်တယ်ဆုဒြာကို ချထားလိုက်ပြီး ကြက်ဉတစ်လုံး ကို အခွံခွာပြီး အသင့်စားခေါက်ဆွဲထုတ်ထည့်ကာ ပြုတ်လိုက်သည်။
စားသောက်ပြီးသောအခါ သူသည် ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကို တစ်ဖန်ပြန်ဖတ်လိုက်ရာ သူဖတ်ခဲ့သမျှအားလုံး မေ့သွားသည် ကို နားလည်လိုက်သည်။

ကျိုးဝမ် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူ၏ မှတ်ဉာဏ် သည် ဓာတ်ပုံရိုက်သလို မှတ်မိသည့်ဉာဏ်မျိုးမဟုတ်သော်လည်း ယုံကြည်မှုရှိသည်။ သူဖတ်ခဲ့သည်များကို နှစ်များစွာကြာတောင် မမေ့ဘဲ အားလုံးမှတ်မိနေခဲ့သည်။
အခုတော့ (၁၀)မိနစ်ထက်နည်းသည့်အချိန်လေးအတွင်း သူသည် ဖတ်ထားခဲ့သမျှစာကြောင်းအနည်းငယ်ကို မေ့သွားသည်။
ပျောက်ဆုံးအင်မော်တယ်ဆုဒြာဖတ်နေရင်းနှင့် သူအံ့ဩတကြီး နားလည်သွားသည်မှာ ဖတ်ထားသမျှမေ့သွားခြင်းသည် ရိုးရှင်းသည့် ကိစ္စမဖြစ်နိုင်သည်ကို သိလိုက်၏။ ကျိုးဝမ်သည် အစကနေပြန်ဖတ် လိုက်သည့်အခါ အကြောင်းအရာများသည် သူလုံးဝမရင်းနှီးခဲ့သလို ပထမဆုံးအကြိမ် ဖတ်သလိုပင် ဖြစ်နေသည်။ သူသည်သေချာ ပေါက် မိနစ်နည်းငယ်အတွင်းဖတ်ခဲ့သည် အကြောင်းအရာများကို မေ့သွားခြင်း ဖြစ်သည်။

“ဒီအရာက လုံးဝကို တစ်ခုခုက ထူးဆန်းနေတယ်” ကျိုးဝမ်သည် ဆက်လက်ဖတ်ရင်း တစ်ဖန် ဗိုက်ပြန်ဆာလာသည်ကို ခံစားမိသည်။ သူအစားစားဖို့ ပိုလိုအပ်နေပြီ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now