216 - 220

199 18 0
                                    

အခန်း(၂၁၆) အသက်လမ်း အမြုတေ

ယခုနေရာတွင် တောင်-မြောက်-အရှေ့-အနောက် အယူအဆ သဘောများ ရှိမနေပါ။ ကျိုးဝမ် ပတ်ဝန်းကျင်ကို အချိန်အတော်ကြာ အောင် ဂရုတစိုက်လေ့လာနေခဲ့သည်။ သို့သော် သူသည် ခြားနား ချက်များကိုရှာတွေ့ရန် ကျရှုံးနေ၏။ သူပြုလုပ်နိုင်သည်အကုန်မှာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းဖြစ်သည်။

        ကျိုးဝမ် သည် စမ်းသပ်ချက်ကို အောင်မြင်နိုင်မည်လားကို စဉ်းစားနေခြင်းမရှိပါ။ အဖွဲ့ချုပ်မှအာဏာသုံးပြီး အားလိုင်၏ဇစ်မြစ် ကို မစုံးစမ်းခင်တွင် သူသည် တတ်နိုင်သမျှ မြင့်မြတ်မြေမှ  အလျင် အမြန် ထွက်သွားချင်မိသည်။

မြင့်မြတ်မြေကို ဝင်သည့်လူတိုင်း၏ အချက်အလက်များကို မှတ်တမ်းတင်ထားခဲ့သည်။ အကယ်၍ အရူးလူသည် အခြားသူများ နှင့်အတူဝင်ခဲ့လျှင် သူ၏အချက်အလက်များသည် ရှိနေမည်ဖြစ်၏။

     အကယ်၍ အရူးလူသား၏ အချက်အလက်များ မရှိလျှင်…….

အတွေးတစ်ချက်တွေးမိလိုက်သည်နှင့် ကျိုးဝမ်၏ မျက်လုံး ထောင့်မှာ ကျဉ်းမြောင်းသွားခဲ့သည်။

    လမ်းသည် အဆုံးမရှိဖြောင့်တန်းနေသည်ဟု ထင်ရပြီး မိုးကုပ် စက်ဝိုင်းတွင်အဆုံးသတ်သွားခဲ့သည်။ တစ်နာရီကျော်လမ်းလျှောက် သွားပြီးသော်လည်း ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားခြင်း မရှိပါ။

ရုတ်တရက်အခိုက်အတန့်တွင် ကျိုးဝမ် သည် ရှေ့တွင်ရှိနေ သည် တစ်စုံတစ်ခုသည် ခြားနားသွားသည်ကို နားလည်လိုက်၏။ သူသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ရှေ့သို့ ဆက်လက်သွား လိုက်တော့သည်။

        သူသည် ထိုနေရာတွင် ရှေ့ကိုဦးတည်နေသည့် နောက်ထပ် လမ်းဆုံတစ်ခုရှိနေသည်ကို ရှာတွေ့လိုက်သည်။ ထိုလမ်းဆုံမှာ သူအရင်ထွက်ခွာခဲ့သည့် စမှတ်လမ်းဆုံနှင့် ဘာမှ မထူးခြားဘဲရှိနေ သည်ဟု ထင်ရသည်။ တစ်ခုတည်းသော ခြားနားချက်မှာ လမ်းဆုံ အလယ်ခေါင်တွင် ကျောက်တုံးရုပ်တုတစ်ခု ရှိနေခြင်း ဖြစ်သည်။

ကျောက်တုံးရုပ်တုသည် သုံးမီတာ မှ လေးမီတာ မြင့်မားသည်။ ကျောက်တုံးရုပ်တု၏ လေးဘက်စလုံးတွင် မျက်နှာများပါရှိနေ၏။ မျက်နှာချင်းဆိုင်ရှိနေသည့် မျက်နှာတစ်ခုက ကျိုးဝမ်ကို‌ ပြောလိုက် သည်

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now