791 - 795

163 21 0
                                    

အခန်း(၇၉၁) အလောင်းပိုးကောင်ကို တိုက်ခိုက်ခြင်း

ကျိုးဝမ်တို့အဖွဲ့သည် မီးတောင်ထိပ်ဝမှ ဆူညံသောဖိတ်စင်ကျ သံများကို ကြားလိုက်ရသည်။

ကူရှန်ရွှေတို့အဖွဲ့သည် အသံကြားလိုက်သည်နှင့် မီးတောင်ဝမှ ဖြည်းဖြည်းချင်း နောက်ဆုတ်လာခဲ့သည်။ ဆုတ်ခွာသွားသည့်အခါ သူတို့သည် မြေပြင်ပေါ်တွင် အလောင်းဆီများကို လောင်းချရင်း ပါး လွှာသောလိုင်းတစ်ခုကို ဖန်တီးကြသည်။

     မကြာမီ…။

သုံးယောက်သား နောက်ဆုတ်ရင်း ကျိုးဝမ်တို့အဖွဲ့နှင့်အတူ ကျောက်ဆောင်များနောက်တွင် ပုန်းအောင်းလိုက်ကြသည်။

ပိုးကောင်တစ်ကောင် တွားသွားထွက်လာပြီးနောက် မကြာမီ မီးတောင်ထိပ်ဝတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

       " ဒါက ဦးချိုပါတဲ့ နွားချေးပိုး မဟုတ်ဘူးလား…"

  ကျိုးဝမ်သည် ပိုးကောင်ကို အဝေးမှ အကဲခတ်နေပြီး ဦးချိုပါ နွားချေးပိုးနှင့်တူသည်ဟု မြင်နေခဲ့သည်။ ၎င်းတွင် အနက်ရောင် ကျောအခွံမာရှိပြီး ဦးခေါင်းပေါ်တွင် ဦးချိုတစ်ခု ရှိနေသည်။

ပိုးကောင်သည် ဖြည်းဖြည်းချင်း တွားသွားကာ သန့်စင်သော အလောင်းဆီများဆီသို့ ဆင်းချလာရင်း ပြောင်လက်သွားအောင် လျက်နေခဲ့သည်။

   ပိုးကောင်က ဖြည်းဖြည်းချင်း ဆင်းလာသည်ကို မြင်လျှင် ကူရှန်ရွှေ၏ အမူအရာမှာ လေးနက်လာခဲ့သည်။ ကူလောင် နှင့် ကူဟယ်တို့သည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။

    ကူရှန်ရွှေက အနည်းငယ် ခေါင်းညိတ်ကာ ကျိုးဝမ်ကို ကြည့် လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် ကူရှန်ရွှေက သတ္တုသေတ္တာပုံး တစ်ခုကို ထုတ်ယူခဲ့သည်။ မီးဖိုနှင့်တူပြီး သုံးချောင်းထောက် ပါရှိ သည်။ အမည်မသိ ပစ္စည်းတစ်ခု ဖြစ်သည်။

အလောင်းပိုးကောင်သည် အလောင်းဆီကို လျှာဖြင့် လျက်နေ ချိန်တွင် ကူရှန်ရွှေက သတ္တုသေတ္တာပုံးကို ကျောက်တုံးအက်ကွဲ ကြောင်းတစ်ခုကြားတွင် ချထားခဲ့သည်။ ထို့နောက် သူသည် သတ္တုပုံးအတွင်းသို့ အလောင်းဆီများကို ပြည့်လုနီးပါး လောင်းချခဲ့ သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Hikayelerin yaşadığı yer. Şimdi keşfedin