981 - 985

178 19 0
                                    

အခန်း(၉၈၁) ပြီးပြည့်စုံသော ဓားဆေးလုံး

“ ဓားသမားတစ်ယောက် … ရဲရင့်သောလက်နက်တစ်ခု .. တကယ်လို့ ဓားကလှုပ်ရှားခြင်း မရှိဘူးဆိုရင် ဗုဒ္ဓတစ်ပါး ဒါမှမဟုတ် အင်မော်တယ်တစ်ပါးလို ငြိမ်သက်နေလိမ့်မယ် .. ဓား ရွေ့လျားလာ ပြီဆိုရင်တော့ အရာအားလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ် … မင်းမှာ ဓားစိတ်ဆန္ဒလစ်ဟင်းနေသေးရင် ဓားကို ဘာကြောင့် လှုပ်ရှားစေ မှာလဲ .. ငါ တိုက်ခိုက်ပြီဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ငါ့ရန်သူဖြစ်သွား စေလိမ့်မယ်….  ”

ကျိုးဝမ်က သူ့ရှေ့မှဓားဆေးပြားကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။

ဓားဆေးလုံးသည် မျက်စိကန်းလောက်သော ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းဓားသင်္ချိုင်းအတွင်းရှိ ရှေးဟောင်းများ၏ ပဲ့တင်ထပ်သံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။

ရှေးဟောင်းဓားများသည် မည်သူမှဆွဲထုတ်ခြင်းမရှိဘဲ မြေကြီး ကို ထိုးခွဲလိုက်ပြီး ပျံသန်းထွက်လာကြပါပြီ..။ မရေမတွက်နိုင်သော ရှေးဟောင်းဓားများသည် ဂူသင်္ချိုင်းများအတွင်းမှ ထိုးဖောက်ထွက် လာကြပြီး ကျိုးဝမ်နှင့် ဓားဆေးလုံးဆီသို့ ဓားမိုးရွာသလို ချီတက် လာခဲ့သည်။ အဖြစ်အပျက်များ၏ အလှည့်အပြောင်းမှာ တကယ့်ကို ကြောက်စရာကောင်းနေသည်။ ကမ္ဘာကြီးတောင် အရောင်ပြောင်း သွားသလိုပင်..။

သို့သော်လည်း ကျိုးဝမ် ကြောက်ရွံ့ခြင်းမရှိပါ။ ဓားဆေးလုံး ပေါ်တွင် ဆိုးဝါးသောအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေခဲ့သည်။ ကျိုးဝမ်အနီးသို့ ချဉ်းကပ် လာသော ရှေးဟောင်းဓားမှန်သမျှကို ဓားဆေးလုံးက ချက်ချင်းပင် လှီးဖြတ်ခဲ့သည်။

ရှေးဟောင်းဓားမိုး ရွာကျလာလေပြီ…။

ကျိုးဝမ်၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ သုံးပေပတ်လည်တွင်  အချွန် အတက်များနှင့် ကျိုးပဲ့နေသောဓားရိုးလက်ကိုင်များ ပြည့်နေသော် လည်း မည်သည့်ဓားတစ်ချောင်းမှ သုံးပေအတွင်း မရှိခဲ့ပေ..။ နတ် ဘုရားလိုမျိုး အစွမ်းထက်ပုံပေါ်သော ဓားဆေးလုံးတစ်ခုတည်းက ဓားအားလုံးကို ထိတ်လန့်တုန်လှုပ်စေပြီး သုတ်သင်ပစ်ခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now