466 - 470

170 18 0
                                    

အခန်း(၄၆၆) ကိုယ်ပျောက်ဝတ်ရုံ အခိုးခံရခြင်း

        [ ဒီလူငယ်လေးက ဘာဖြစ်နေတာလဲ၊အသက်နှစ်ဆယ်တောင် ရှိသေးပုံ မပေါ်ပါဘူး..ဒီကလေးက ကျောင်းသားတစ်ယောက် ဖြစ် သင့်တာမလား ... မီးလျှံမီးပြင်းဖိုဘုရင်မကို ဒီကောင်လေးက ဘယ်လိုလုပ်ပြီး လွယ်လွယ်လေးသတ်နိုင်တာလဲ…]

လူးကတ်စ်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြတ်သန်းပေါ်ပေါက်နေလျက်…။

[ အဲဒီဓားအလင်းတန်းက အရမ်းစွမ်းအားကြီးလွန်းနေတာ ဖြစ် နိုင်မလား.. မီးလျှံမီးပြင်းဖိုဘုရင်မဆိုတာ တော်ဝင်သူရဲကောင်း သတ္တဝါများကြားမှာပင် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေတာ…ဒါပေမယ့် သူမက ဓားချက်တစ်ချက်ကိုတောင် မခံနိုင် ခဲ့ဘူး.. ဓားက စွမ်းအားကြီးလွန်းတာ ဖြစ်နေမလား.. မဟုတ်ရင် ဒီ ကောင်လေးက  ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုစွမ်းအားမျိုး ရှိလိမ့်မှာ မဟုတ်ဘူး..

ဒါလည်း မဟုတ်သေးပါဘူး…တော်ဝင်သူရဲကောင်းအဆင့်ကို တက်လှမ်းနိုင်မှသာ တော်ဝင်သူရဲကောင်းအဆင့်တွဲဖက်သားရဲကို မွေးမြူနိုင်မှာလေ… ဆိုလိုချင်တာက ဒီကောင်လေးက အနည်းဆုံး တော်ဝင်သူရဲကောင်းအဆင့် ရှိနေပြီ….. ]

ကျိုးဝမ် သည် မီးလျှံမီးပြင်းဖိုဘုရင်မ တွဲဖက်သားရဲဥကို ကောက်ယူပြီး ဖြစ်သည်။ ဥမှာ အလွန်အသုံးဝင်နေဆဲဖြစ်သည်။ စွမ်းအားပြင်းထန်သော မီးဒြပ်စင်အမျိုးအစားစွမ်းအားများနှင့် သူမ သည် များစွာသောလူသားနယ်ပယ်များ၌ ကောင်းစွာ စွမ်းဆောင်နိုင် လိမ့်မည်။

“ချာတိတ်ဘော်ဒါလေးရေ…မင်းက တော်တော်သန်မာတာပဲ.. မင်းက ငါနဲ့ ယှဉ်နိုင်လုနီးနီးပါလား… ဘယ်ကောလိပ်ကနေ မင်း ဘွဲ့ရခဲ့တာလဲ..”

လူးကတ်စ် ရယ်မောရင်း ရှေ့သို့လမ်းလျှောက်ကာ မေးမြန်းခဲ့ သည်။ သူသည် သူ့ကိုယ်သူ တွေးနေခဲ့သည်….

[ ဒီကောင့်ကြည့်ရတာ တော်တော်ငယ်ပြီး ငယ်ရွယ်ပုံလည်း ပေါ်နေတယ်… တကယ်တော့ ဒီကောင် တော်တော်ကို အသက်ကြီး လောက်ပြီ..သူ့အသက်က ငါ့လို သုံးဆယ်နီးပါး ဖြစ်လောက်တယ်.. ဟုတ်တယ်… ကိစ္စတွေက ဒီအတိုင်း ဖြစ်ရမယ်…. ]

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now