261 - 265

188 20 0
                                    

အခန်း(၂၆၁) အဆိပ်ကို အဆိပ်ဖြင့် တိုက်ခိုက်ခြင်း

        ကျိုးဝမ် သည် မကောင်းဆိုးဝါးကို လှံဖြင့်ထိုးသွင်းလိုက်သည့် အခါ အနက်ရောင်အရည်များသည် နောက်တစ်ကြိမ် စင်ထွက်လာ ပြန်သည်။ ကျိုးဝမ် သည် သူ၏တွဲဖက်သားရဲတစ်ကောင်ကို ပိတ်ဆို့ ရန်အတွက် အလျင်အမြန်ဆင့်ခေါ်လိုက်သည်။ တခြားတွဲဖက်သား ရဲအများစုသည် ချက်ချင်းအသတ်ခံလိုက်ရသဖြင့် ကျိုးဝမ် သည် အားနည်းနိုင်သည့် ဒေါက်တာမဟူရာကို ဆင့်ခေါ်လိုက်ပြီး အမည်း ရည်များကို ပိတ်ဆို့ခိုင်းလိုက်သည်။

        ကျိုးဝမ် မူလက ထင်မှတ်ထားသည်မှာ ဒေါက်တာမဟူရာ သည် ချက်ချင်း အသတ်ခံလိုက်ရမည်ဖြစ်သည်။ သို့သော် သူအံ့အား သင့်သွားသည်မှာ ဒေါက်တာမဟူရာ၏ ခန္ဓာကိုယ်သည် အမည်းရည် ဗိုင်းရပ်စ်များကြောင့် မည်းနက်သွားသော်လည်း ချက်ချင်းမသေ သွားခဲ့ပါ။

ဒေါက်တာမဟူရာသည် နည်းပညာတစ်ချို့ကို အသုံးပြုလိုက် ပြီး လက်တစ်ဖက်တွင် ဆေးထိုအပ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် သူ့လက်မောင်းကို ဆေးထိုးအပ်နှင့် ချိန်ပြီး ထိုးသွင်းလိုက်သည်။

        ကျိုးဝမ် သည် ဆေးထိုးပြွန်အတွင်းမှ အရည်များ သူ့ကိုယ် အတွင်းထိုးသွင်းနေသည်ကို မြင်လိုက်သော်လည်း အေးဆေးထိုင် ကြည့်နေရမည့်အချိန် မရှိပါ။ မကောင်းဆိုးရွားသည် အရည်များစု ပြီးသည်နှင့် နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်သည်။

မကောင်းဆိုးရွားနှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် သူသည် တဖြည်းဖြည်း အောက်စည်းကို ရောက်လာခဲ့သည်။ ထို အခိုက်အတန့်တွင် ဒေါက်တာမဟူရာသည် သူ့ကိုကူညီရန်အတွက် ပြေးလာခဲ့သည်ကို နားလည်လိုက်သည်။ ၎င်းလက်ထဲမှ ခွဲစိတ်ခန်း သုံးဓားသည် သေးငယ်သည့်ဓားအလင်းတန်းဖြင့် တောက်ပနေခဲ့ သည်။ ၎င်းသည် သိပ်အသုံးဝင်ခြင်းမရှိသော်လည်း ကျိုးဝမ်မှာ အနည်းငယ် အံ့ဩသွားခဲ့သည်။

မျက်လုံးသုံးလုံးရွှေရောင်စစ်သည်နှင့် ရွှေရောင်ချပ်ဝတ်သားရဲ တို့သည် အနက်ရောင်အရည်နှင့်ထိတွေ့ခံရပြီးနောက် ကြောက်မက် ဖွယ်အဆိပ်ဗိုင်းရပ်စ်ကိုတောင့်မခံနိုင်ကြပါ။ ၎င်းတို့ကို ချပ်ဝတ်ပုံစံ အဖြစ် ပြောင်းလိုက်သော်လည်း အရည်ပျော်ကျနေသေးသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Место, где живут истории. Откройте их для себя