541 - 545

179 19 1
                                    

အခန်း(၅၄၁) အဆုံးမရှိ ဂြိုဟ်ဆိုးသခင်

ယခုအကြိမ်ပေါင်းစပ်ခြင်းတွင် ဖြည့်စွက်စာအဖြစ်ကျောက် ဖြစ်စေ‌သောခြင်္သေ့တွဲဖက်သားရဲဥ ရှိနေသည်။ ထို့ကြောင့် မိစ္ဆာချပ် ဝတ်နှင့်ကျားဝိညာဉ်စစ်သူကြီး၏ ဘဝစောင့်ရှောက်သူနတ်ဘုရား နှင့် အသက်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်စေရန် သေချာနေခဲ့သည်။ ၎င်းသည် သိုင်းကျွမ်းကျင်မှုများကိုသာ အစားထိုးခဲ့သည်။

သို့သော်လည်း ထိုသို့သောပေါင်းစပ်ခြင်းအတွက်လည်း အန္တ ရာယ်ရှိသည်။ သူလိုချင်သည့် သိုင်းကျွမ်းကျင်မှုများသည် အစားထိုး ခံရခြင်းဖြင့် အဆုံးသတ်သွားပြီး မလိုချင်သော သိုင်းကျွမ်းကျင်မှုများ က ကျန်နေရစ်တာလည်း ဖြစ်နိုင်သည်။

အန္တရာယ်စွန့်စားရခြင်းများ အနည်းဆုံးဖြစ်စေရန် ကျိုးဝမ် သည် အထူးတလည်ပင် ကျိန်စာနတ်ဆိုးနန်းတော်သို့သွားခဲ့ပြီး ကျောက်ဖြစ်စေသောခြင်္သေ့တွဲဖက်သားရဲဥ ရရှိအောင် ကြိုးစားခဲ့ သည်။ သူသည် တွဲဖက်သားရဲဥအား မိစ္ဆာချပ်ဝတ်နှင့်ကျားဝိညာဉ် စစ်သူကြီးဖြင့် ပေါင်းစပ်ခြင်းမပြမီ တစ်ခု ရရှိခဲ့သည်။ ကျွမ်းကျင်မှု များစွာရှိခြင်း၏ဆိုးကျိုးများ လျှော့ချနိုင်ရန် သူ့တွင်ရှိသမျှ အစွမ်း ကုန်ကြိုးစားခဲ့သည်။

   အနည်းငယ် စိတ်လှုပ်ရှားနေရင်း ကျိုးဝမ် သည် ကျောက်ဖြစ် စေသောခြင်္သေ့တွဲဖက်သားဥအား ပေါင်းထည့်ခဲ့သည်။

မိစ္ဆာချပ်ဝတ်နှင့်ကျားဝိညာဉ်စစ်သူကြီးကို အောင်မြင်စွာပေါင်း စပ်ပြီးသောအခါ ဂိမ်းသည် တောက်ပလာခဲ့သည်။ ကျိုးဝမ်သည် ၎င်း၏ အချက်အလက်များကို အမြန်စစ်ဆေးခဲ့သည်။

ဘဝစောင့်ရှောက်သူနတ်ဘုရား နှင့် အသက်ဝိညာဉ်က ပြောင်း လဲခြင်းမရှိပါ။ ၎င်း၏ သန်မာမှုအရည်အချင်းများမှာလည်း အမှတ် ၄၀ အထိ တိုးလာခဲ့သည်။ လျင်မြန်မှုအရည်အချင်းတစ်ခုတည်းသာ ၃၉ မှတ်တွင် ရှိနေသေးသည်။ ဒဏ္ဍာရီလာတွဲဖက်သားရဲများမှလွဲပြီး ယခုလိုမျိုး အရည်အချင်းနှင့် ကိုက်ညီနိုင်သော တွဲဖက်သားရဲများ မှာ အလွန်နည်းပါးသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Wo Geschichten leben. Entdecke jetzt