776 - 780

180 26 0
                                    

အခန်း(၇၇၆) ဘဝပန်း

       လီမို့ပိုင် နှင့် အဖွဲ့သည် ကူရှန်ရွှေကို နားမလည်နိုင်သည့်ပုံစံ ဖြင့် ကြည့်နေခဲ့သည်။ သူသည် ရုတ်တရက်စိတ်ပြောင်းပြီး ဘာ ကြောင့်ပန်းမြစ်ကို ဖြတ်ကူးမည့်သူတို့ကို ကူညီရန် ကြီးမားသော အန္တရာယ်ကို စွန့်စားလိုစိတ်ရှိလာသည်ကို သူတို့ မသိနိုင်ပါ…။

       " ငါ မင်းကို ဘယ်လိုကူညီရမလဲ သိချင်ပါတယ်. မစ္စတာ ကူ.."

       ကျိုးဝမ် အလွယ်တကူ သဘောမတူခဲ့ပါ။ ကူရှန်ရွှေသည် ငှက် ပေါက်စလေးထံမှ တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်းသတိပြုမိ သွားခဲ့သည်။

    ကူရှန်ရွှေက ပြောလာခဲ့သည်။

       " ရိုးရိုးသားသားပြောရရင် ငါတို့ ကူမိသားစုကလ်း ဂူ တွေကို ပြုစုပျိုးထောင်ပြီး ထိန်းကျောင်းရာမှာ ကောင်းပါတယ်… ဒဏ္ဍာရီ လာအဆင့် ဒိုင်မေးရှင်းမျိုးနွယ်ခြားသတ္တဝါတစ်ကောင်ကို တစ်နေ ရာမှာ ငါ ရှာဖွေတွေ့ရှိခဲ့ပြီး ဂူကောင်အဖြစ် မွေးမြူထားချင်ပေမယ့် အဲဒါက စွမ်းအားကြီးလွန်းလို့ မအောင်မြင်ခဲ့ဘူး… တကယ်လို့ မင်း က ငါ့ကို ကူညီမယ်ဆိုရင် မစ္စတာ ကျိုး …  မင်းက အဲဒါကို သေချာ ပေါက် အနိုင်ယူနိုင်လိမ့်မယ်…"

ကူရှန်ရွှေသည် စကားပြောနေစဉ် သူသည် ငှက်ပေါက်စလေး ကို စိုက်ကြည့်နေခဲ့သည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ငှက်ပေါက် စလေး၏ အကူအညီကို ရှာရှန် ဖြစ်သည်။

       " တကယ်လို့ ဒါက ငါတို့တတ်နိုင်တဲ့ စွမ်းရည်ကြားမှာရှိတယ် ဆိုရင် တစ်ယောက်ကို တစ်ယောက် ကူညီပေးခြင်းက သင့်တော် ပါတယ်… ဒါပေမယ့် ငါတို့က ပြန်လမ်းမဲ့တောင်ကြားဆီ အပြေး အလွှား သွားနေရတာ..ငါ စိုးရိမ်….."

      ကျိုးဝမ်၏ စကားမဆုံးမသတ်သေးခင် ကူရှန်ရွှေက ဖြတ်ပြော လာခဲ့သည်။

       " မစ္စတာ ကျိုး… စိတ်မပါနဲ့… မင်းကို ပြန်လမ်းမဲ့တောင်ကြား ဆီရောက်အောင် အရင်ဆုံး ငါ ကူညီပါ့မယ်.. ငါတို့ပြန်လာပြီးမှ မင်း ငါ့ကို ကူညီပေးမယ်ဆိုလည်း သိပ်မနောက်ကျသေးပါဘူး.."

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Donde viven las historias. Descúbrelo ahora