751 - 755

147 26 0
                                    

အခန်း(၇၅၁) ပင်ကိုယ်လွှမ်းမိုးချုပ်ကိုင်ခြင်းခန္ဓာကိုယ်

     ကလန်…! ကလန်…! ကလန်…!

အရှိန်ပြည့်ထုတ်လွှတ်ခဲ့သော အထွဋ်အထိပ်ပျံသန်းနေသော အင်မော်တယ်သည် သခင်ကြီးရှား၏ လက်များဖြင့် ပိတ်ဆို့ခံလိုက်ရ သည်။

အုပ်ထိန်းသူမှ သူ့ကို ပေးထားသော နတ်ဘုရားခန္ဓာကိုယ်နှင့် အတူ စုဆောင်းထားသည့် စွမ်းအားကြီးသော ရှေးဦးမူလစွမ်းအား များက အမှန်တကယ်ပင် ကြောက်စရာကောင်းနေသည်။

        ကျိုးဝမ် သည် ဤတိုက်ခိုက်ချက်ဖြင့် သခင်ကြီး ရှားကို အဆုံး သတ်ပေးနိုင်မည်ဟု ရည်ရွယ်ထားခြင်း မရှိပါ။ ဆေဘာဓားနှစ်စင်း ကို ရူးသွပ်စွာ ခုတ်ဖြတ်ရင်း မီးရှူးနဂါး၏မှန်မျက်လုံးများက ကျိုးဝမ် ၏ သူငယ်အိမ်များကို ထူးထူးခြားခြား ပြောင်းလဲသွားစေသည်။ ၎င်း တို့သည် မှန်တစ်ချပ်အသွင်ပြောင်းလဲသွားပြီး သခင်ကြီး ရှား အား ကြည့်လိုက်သည်။

   သို့သော်…။

သခင်ကြီး ရှား သည် ရုတ်တရက် လေထုအတွင်း ပျောက်ကွယ် သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ကျိုးဝမ်၏ နောက်ကွယ် မှ ပေါ်လာပြီး ခေါင်းကို လက်ဝါးဖြင့် ရိုက်ခဲ့သည်။

[ တည်နေရာရွှေ့ပြောင်းခြင်း… ]

ကျိုးဝမ်သည် ယခုအရာမှာ တည်နေရာရွှေ့ပြောင်းခြင်းအစစ် အမှန်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။ ပျောက်ဆုံး နိုင်ငံနှင့် အလွန်ဆင်တူသော သက်ရောက်မှု ရှိနေခဲ့သည်။

လှည့်ကြည့်ရန် (သို့) ရှောင်တိမ်းရန် အချိန်မရှိသဖြင့် ကျိုးဝမ် သည် ဝါးဓားကို ခေါင်းပေါ်နောက်လှန်လိုက်ကာ သခင်ကြီး ရှား၏ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ခဲ့သည်။

သို့သော်လည်း လက်ဝါးမှာ သရဲတစ္ဆေလက်လိုမျိုး ကိုယ်ထည် မဲ့အဖြစ်ပြောင်းလဲသွားခဲ့သည်။ လက်ဝါးသည် ဝါးဓားကို ကျော်ဖြတ် ကာ ကျိုးဝမ်၏ ဦးခေါင်းကို ဆက်လက်တိုက်ခိုက်လာခဲ့သည်။

ကျိုးဝမ် ထိတ်လန့်သွားပြီး သူ့ခေါင်းကို တွန့်လိမ်ကာ ဘေးသို့ ရှောင့်တိမ်းခဲ့သည်။ သူ့ခွန်အားကို စုဆောင်းပြီး အခြားလက်ဖြင့် သခင်ကြီးရှား၏ လက်ဝါးဆီသို့ လှမ်းရိုက်ခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )जहाँ कहानियाँ रहती हैं। अभी खोजें