651 - 655

216 24 0
                                    

အခန်း(၆၅၁) အဆုံးမဲ့ကြယ်ပင်လယ်


        [ ငါ့ ဘီလူးကြီး … ငါ့ ဘီလူးကြီး… အဲဒါ ငါ့ရဲ့ အာဏာရှင် ဘီလူးကြီး.. ]

   ကျန်းရှောင် ၏ နာကြည်းမှုများက အဆုံးမရှိသော အချိုးအစား တစ်ခုအထိ တိုးလာခဲ့သည်။ ထိုအရာသည် သူ့တွဲဖက်သားရဲ ဖြစ်ခဲ့ သင့်သည် မဟုတ်ပါလော…။

အဖွဲ့ချုပ်တစ်ခုလုံးသည် အာဏာရှင်ဘီလူးကြီး၏ ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို ခန့်မှန်းနေကြသည်။ အာဏာရှင်ဘီလူးကြီးမှာ နတ်ဘုရားများ၏ မိသားစုကလန် (သို့) ကိပ်မိသားစုမှ ဖြစ်နိုင်သည် ဟု လူအများစုက ခန့်မှန်းကြသည်။

အနောက်ပိုင်းနယ်မြေမှ လူများကလည်း အရေးကြီးသည့် အခိုက်အတန့်တွင် သူတို့၏အနောက်ပိုင်းနယ်မြေတွဲဖက်သားရဲများ ကိုသာ အားကိုးနေရဆဲဖြစ်ကြောင်း ညွှန်ပြနေကြသည်။

       အိုရိုချီ၏ စတုတ္ထနေရာကို အစားထိုးသွားသည့် အာဏာရှင် ဘီလူးကြီး အနိုင်ရသည်ကို မြင်ရသောအခါ ကောင်လေးသည် ခုန် ပေါက်ကာ အောင်ပွဲခံနေခဲ့သည်။ သူ့အမေလက်ကိုဆွဲပြီး အော်ဟစ် နေခဲ့သည်။

        "မေမေ.. သူနိုင်သွားပြီ.. သူ တကယ်နိုင်သွားပြီ.."

"ဟုတ်တာပေါ့..နိုင်သွားခဲ့ပြီ.."

   သူ့အမေက ပြုံးပြပြီး ခေါင်းညိတ်ခဲ့သည်။

      "မေမေ… သားလည်း အာဏာရှင်ဘီလူးကြီး တစ်ကောင် ရှိ ချင်တယ်.."

ကောင်လေးက သူ့အမေကို ရှည်လျားသော မျှော်လင့်ချက်များ နှင့် ကြည့်နေခဲ့သည်။

   သူ့အမေက ကောင်လေး၏ ခေါင်းကိ ပွတ်သပ်ပေးခဲ့၏။

"သန်မာတဲ့တွဲဖက်သားရဲတွေက တမူထူးခြားတယ်.. အာဏာ ရှင်ဘီလူးကြီးက အဲဒီလိုမျိုး တွဲဖက်သားရဲလေ.. သားကြီးပြင်းလာ တဲ့အခါမှာ အာဏာရှင်ဘီလူးကြီးလို အစွမ်းထက်တဲ့တွဲဖက်သားရဲ တစ်ကောင်ရှိလာမှာ သေချာပါတယ်ကွယ်.."

"သေချာတာပေါ့ မေမေ ... သား ကြီးပြင်းဖို့ မစောင့်နိုင်တော့ ဘူး .. ဒါပေမယ့် အဲဒီမတိုင်ခင် သားကို အာဏာရှင်ဘီလူးကြီး ပိတ်စ အရုပ်လေး ဝယ်ပေးလို့ရမလား.."

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now