316 - 320

260 26 2
                                    

အခန်း(၃၁၆) မင်းရဲ့ ကံတရား

       ကျိုးဝမ် သည် မင်ရှို့ နှင့် ရွှေရောင်စစ်သည်တို့ တိုက်ခိုက်နေ သည်ကို ကြည့်ရင်း သူ့မျက်လုံးများ အဆက်မပြတ် ကျဉ်းမြောင်း သွားခဲ့သည်။

       မင်ရှို့ သည် အမှန်တကယ်ကို အထင်ကြီးစရာကောင်း၏။ တိုက်ခိုက်ရေးစွမ်းရည်အရ သူသည်ကျိုးဝမ် ထက် နိမ့်ကျခြင်းမရှိပါ။ ထို့အပြင်သူသည်ကျွမ်းကျင်မှုရှိပြီးနည်းစနစ်အမျိုးမျိုးကို ကျင်လည် စွာ အသုံးချနိုင်သည်။

       သို့သော် သူ မည်မျှသန်မာနေပါစေ ရွှေရောင်စစ်သည်ကို ရိုက် နှက်ရတဲ့ အချက်က ဘာလဲ? မင်ရှို့သည် ထိုကောင်နှင့် တိုက်ခိုက် နေသည်မှာ တစ်နာရီကျော် အချိန်ဖြုန်းပြီး ဖြစ်သည်။

      မင်ရှို့သည် ရွှေရောင်စစ်သည်တစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သောလည်း သူသည် ရက်စက်ပြင်းထန်သော တိုက် ခိုက်ချက်များကို ဆင်းသက်ရာတွင် ညင်သာစွာ ကျရောက်စေသည်။ ရွှေရောင်စစ်သည်မှာ သူ့ကြောင့် အကြိမ်မည်မျှ အရိုက်ခံနေရသည် ကို မသိနိုင်ပါ။ ၎င်းသည် ပြင်းထန်စွာ အရိုက်ခံနေရသော်လည်း အချိန်တိုအတွင်း အရိုက်ခံမှုကြောင့် မသေဆုံးနိုင်သေးပါ။

       ကျိုးဝမ် ပင် သည်းမခံနိုင်တော့ပါ။ ၎င်းသည် မျိုးနွယ်ခြားသတ္တ ဝါတစ်ကောင်ဖြစ်သော်လည်း ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ရန် မလို အပ်ပါ။

"မင်းသတ်ချင်လည်း သတ်လိုက်ပါလား…….မဟုတ်ရင်လည်း လွှတ်ပေးလိုက်….တစ်နာရီကျော်ကြာအောင် နှိပ်စက်ရတဲ့အချက် က ဘာလဲ? မင်းက ရက်စက်ခြင်းမှာ သာယာတဲ့လူလား?"

  ကျိုးဝမ်သည် မင်ရှို့ကဲ့သို့ စိတ်ကူးမရှိခဲ့ပါ။ မင်ရှို့သည် သူ၏ အရည်အချင်းနှင့် စွမ်းရည်များကို ပြောင်မြောက်စွာ အသုံးချနေ သည်ဟု သူယုံကြည်ခဲ့သည်။

တခြားတစ်ဖက်တွင် မင်ရှို့ သည် အရမ်းစိတ်လှုပ်ရှားနေခဲ့၏။ သူသည် သိသမျှအရာအားလုံးကို ပြသနေခဲ့သည်။ သို့သော်လည်း မင်ရှို့ အရည်အချင်းရှိလွန်းလှသည်။ သူသိထားသည့် အသိပညာ အကျယ်အဝန်းသည် ကျယ်ပြောလှသည်။ သူသည် တစ်ခုပြီး တစ်ခု ပြသနေခဲ့သဖြင့် မောပန်းနွမ်းနယ်ပြီး ချွေးများထွက်ကျလာခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now