306 - 310

218 24 0
                                    

အခန်း(၃၀၆) ကျောက်တုံးချပ်ဝတ်

[အဆိပ်မြွေနဂါးအမြုတေကို စုပ်ယူပြီး အဆိပ်မြွေနဂါးလက် ချောင်း ၄ ကိုရရှိခဲ့ပါသည်]

        ကျိုးဝမ် သည် ဂိမ်းသတိပေးချက် ထွက်ပေါ်လာသည်ကို မြင် လိုက်ရသောအခါ အနည်းငယ်စိတ်မသက်မသာ ခံစားလိုက်ရသည်။ အဆိပ်မြွေနဂါးသည် ကျဆင်းနှုန်းမှာ ရိုးရှင်းလွန်းသည်။ ၎င်းသည် အဆိပ်မြွေနဂါးလက်ချောင်းကိုသာ ဆက်တိုက်ချပေးနေခဲ့သည်။

        "ဒါက ဘယ်လိုငရဲလဲ?"

        ကျိုးဝမ် သည် အဆိပ်မြွေနဂါးလက်ချောင်းကို အမှန်တကယ် လေ့လာရန်မှတပါး ရွေးချယ်စရာ မရှိတော့ပါ။

အဆိပ်မြွေနဂါးရှေးဦးမူလစွမ်းအားသိုင်းကျွမ်းကျင်မှုများ ဆက် တိုက်ကျဆင်းစေခြင်းသည် တိုက်ဆိုင်မှုတစ်ခုဟု ကျိုးဝမ် မထင် ထားခဲ့ပါ။ သိုင်းကျွမ်းကျင်မှုများကို ဂရုတစိုက်လေ့လာပြီးနောက် အဆိပ်မြွေနဂါးလက်ချောင်း ၁ - ၂ - ၄ တို့သည် မတူညီသည်ကို နားလည်သွားခဲ့သည်။ ၎င်းတို့သည် သီးခြားသိုင်းကျွမ်းကျင်မှုများ ဖြစ်နေသည်။

        ကျိုးဝမ် သည် ပထမဆုံးနာမည်မတပ်ထားသည့် အဆိပ်နဂါး လက်ချောင်းမှာ ၁ ဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။ သူသည် ၎င်း ကို အသုံးပြုသောအခါ ဘယ်ဘက်လက်ခလယ်သည် အနက်ရောင် ဖြစ်သွားခဲ့ပြီး ၂ နှင့် ၄ ကို အသုံးပြုသောအခါ လက်ညှိုးနှင့် လက် သူကြွယ်တို့သည် အနက်ရောင် ဖြစ်သွားသည်။

"လက်ငါးချောင်းအတွက် အဆိပ်နဂါးလက်ချောင်းငါးမျိုး ရှိနေ တာ ဖြစ်နိုင်လား? ဒါပေမယ့်လည်း အဆိပ်နဂါးလက်ချောင်းရဲ့ သက် ရောက်မှု အရမ်းအားနည်းတယ်…တကယ်လို့ ၎င်းတို့ကို တစ်ချိန် တည်း အသုံးပြုရင်တောင် အများကြီးအသုံးမဝင်နိုင်ဘူး မဟုတ် လား?"

    ကျိုးဝမ်မှာ အတော်လေး စိတ်ဝင်စားမိသည်။ သူသည် အဆိပ် မြွေနဂါးလက်ချောင်းငါးခုလုံးကိုစုစည်းပြီးသောအခါ ၎င်း၏စွမ်းအား ကို သိချင်မိသည်။

     အမှန်တွင် အဆိပ်မြွေနဂါးလက်ချောင်း၏ လက်ရှိအခြေအနေ မှာ တော်ဝင်သူရဲကောင်းစွမ်းရည်တစ်ခုအဖြစ် ရှင်သန်နိုင်ခြင်း မရှိ သေးပါ။ ကျိုးဝမ်သည် အဆိပ်မြွေနဂါးလက်ချောင်းများသည် ရိုးရှင်း ခြင်းမရှိဟု ယခုခံစားနေရသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Unde poveștirile trăiesc. Descoperă acum