406 - 410

179 20 1
                                    

အခန်း(၄၀၆) သွေးစုန်း

        ဂျက် သည် မြက်ခင်းပြင်အတွင်း ပုန်းလျှိုးကွယ်လျှိုးနေရင်း ထိတ်လန့်သွားခဲ့သည်။ သူသည် နှစ်နှစ်ဆယ်ကျော်အောင် အကျဉ်း ချခံခဲ့ရသည်။

        [ ဒီနေ့ခေတ်လူငယ်တွေ ဒီလောက်ထိ စွမ်းအားကြီးနေကြ ပြီလား?]

အတိတ်တစ်ချိန် သူ့ခေတ်တုန်းက အန်ရှန့်လိုအသက်နှစ်ဆယ် ကျော်လူငယ်များကို အများကြီးအားထုတ်၍ အင်အားဖြုန်းတီးစရာမလိုဘဲ သတ်နိုင်ခဲ့သည်။

သို့သော်လည်း ယနေ့ သူတွေ့နေရသည့် လူငယ်နှစ်ယောက်၌ ကျိုးဝမ် သည် သူ့အား အမှောင်ထဲတွင် ပုန်းအောင်းနေရန် ဖိအား ပေးနိုင်ခဲ့သည်။ အသက်အနည်းငယ်ကြီးပုံရပြီး နှစ်ဆယ်ကျော်(သို့) သေချာပေါက် သုံးဆယ်မကျော်သေးသည့် အန်ရှန့်ဆိုသည့် လူငယ် မှာလည်း သူစီစဉ်ထားခဲ့သော အသက်ပေါက်ကွဲမှုမှ လွတ်မြောက် နိုင်ခဲ့သည်။ ထိုအရာများသည် အဖွဲ့ချုပ်မှာ လွန်ခဲ့သော ဆယ်စုနှစ် များအတွင်း ပေါက်ကွဲအားပြင်းထန်သော တိုးတက်ဖွံ့ဖြိုးမှုများနှင့် ကြုံတွေ့ရသည်ဟု သူ့အား သံသယဖြစ်စေခဲ့သည်။ သို့သော်လည်း ယခုနေရာသို့ သူလာခဲ့သည့် ခရီးစဉ်အတွင်း လူသားများသည် တိုး တက်လာနိုင်သည်ကို ယုံကြည်ခဲ့သော်လည်း ယခုလောက်အထိ စွမ်းအားကြီးမနေသင့်ပါ။

        ဂျက် သည် သူ့နာမည်အတိုင်း  ရှင်သန်နေခြင်းဖြစ်ပါသည်။ လွတ်မြောက်ရန်အတွေးများပေါ်လာခြင်းမရှိသည်မှာ ကျိုးဝမ် နှင့် အန်ရှန့်တို့၏ သန်မာမှုကြောင့်သာ ဖြစ်သည်။ သူ့နှလုံးသားထဲမှ သတ်ဖြတ်ချင်စိတ်များသည် ပိုပြီးတောက်လောင်လာနေပြီ။

         [ တကယ်လို့ ငါ့ရဲ့ အရင်တွဲဖက်သားရဲတွေသာ ရှိနေဦးမယ်ဆို ရင် ဒီကလေးတွေကို သတ်ပစ်ဖို့က ပိုပြီး ရိုးရှင်းသွားမှာ…ကံဆိုးတာ က ငါ အနေနဲ့ အခုအချိန်မှာ တခြားဖြေရှင်းနည်းကို တွေးရမယ်…. ]

        ဂျက်၏ စိတ်များသည် ကျိုးဝမ်နှင့် အန်ရှန့်ကို မည်ကဲ့သို့ သတ်ရမည် ကို တွေးရင်း ပြေးလွှားနေလေပြီ။ သူ့တွင် ထွက်ပြေး လွတ်မြောက်ရန် ရည်ရွယ်ချက် မရှိတော့ပါ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )जहाँ कहानियाँ रहती हैं। अभी खोजें