331 - 335

184 20 0
                                    

အခန်း(၃၃၁) ဘယ်သူက နည်းပြလဲ?


        ‌"ငါ အားတယ်….ငါတို့ဘယ်မှာတွေ့ကြမလဲ?"

ဖုန့်ချိုးယန်သည် အဆင်သင့်ပင် သဘောတူလိုက်သည်။

"လေ့ကျင့်ကွင်းကို သွားရအောင်"

        ကျိုးဝမ် ပြောလိုက်သည်။

"မင်ရှို့လည်း ဒီမှာရှိတယ်….. သူလည်း ပူးပေါင်းချင်နေတာ.. ငါသူ့ကိုပါ ခေါ်ခဲ့လို့ရနိုင်မလား?"

    ဖုန့်ချိုးယန် မေးလိုက်သည်။

        "ဒါက လေ့ကျင့်ရုံလေးပါပဲ…သူလာချင်ရင် လာလို့ရတာပေါ့"

        ကျိုးဝမ် သည် အရေးမကြီးဘူးဟု ခံစားရသည်။ အမှန်မှာ သူ၏ အထွဋ်အထိပ်ပျံသန်းနေသောအင်မော်တယ်မှာ လျှို့ဝှက်ချက်ကြီး တစ်ခုမဟုတ်ပါ။

  "ဆယ်မိနစ်"

    ဖုန့်ချိုးယန် သည် ထိုစကားကိုပြောပြီးနောက် ဖုန်းချသွား၏။

    မင်ရှို့သည် ကျိုးဝမ် မည်မျှသန်မာသည်ကို သိချင်နေမိသည်။ သူလေ့ကျင့်ပေးထားသော ဖုန့်ချိုးယန် သည်ပင်  စွမ်းအားကြီးလွန်း နေပြီ ဖြစ်သောကြောင့် ကျိုးဝမ်၏သန်မာမှုသည် သေချာပေါက် အားကောင်းနိုင်မည် ဖြစ်သည်။

နှစ်ယောက်သား အိမ်မှထွက်လာစဉ် မင်ရှို့ထံသို့ ပစ္စည်းအချို့ လာပို့ပေးသည် ထျန်းကျန်းကျန်းကို တွေ့လိုက်ရသည်။ သူတို့သည် ကျိုးဝမ်နှင့်အတူ လေ့ကျင့်ရန်သွားမည်ကို ကြားလိုက်ရသောအခါ  ထျန်းကျန်းကျန်းမှ သူမလည်း လိုက်ချင်ကြောင်း တောင်းဆိုလိုက် သည်။

        ကျိုးဝမ် မှ မည်သူကြည့်နေပါစေ စိတ်မဝင်စားသည့်အတွက် ဖုန်းချိုးယန်သည် သူမကို မငြင်းပယ်ခဲ့ပါ။ သုံးယောက်သားသည် လေ့ကျင့်ရေးကွင်းသို့ ဦးတည်လိုက်သည်။

ထျန်းကျန်းကျန်း လမ်းလျှောက်လာရင်း သူမကိုယ်သူမ တွေး နေမိသည်

"ကျောင်းတစ်ယောက်က မင်ရှို့ထက် ပိုပြီးသန်မာတယ်ဆိုတာ ငါမယုံနိုင်ဘူး…ကျိုးဝမ်က လူလိမ်တစ်ယောက်လားဆိုတာ ငါကိုယ် တိုင်ကိုယ်ကျ ကြည့်ရမယ်"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Kde žijí příběhy. Začni objevovat