86 - 90

222 23 0
                                    

အခန်း(၈၆) ကောင်းကင်ဘုံသည် ညာဘက်မှာရှိသည်

“ဒီမှာ ဘာမှ လျှို့ဝှက်နေစရာမလိုဘူး၊ လိုရင်းကိုပြောလိုက်”
အန်ထျန်းကျိုသည် ထူးမခြားနား ပြောလိုက်ပြီး ချောင်းစစ်ယွမ် ကို ပင် ကြည့်မနေပါ။

ချောင်းစစ်ယွမ် နှလုံးအနည်းငယ်တုန်ယင်နေပြီး ဒီနေ့ဖြစ်ရပ်များကို ဖုံးကွယ်ထားလို့မရကြောင်း နားလည်သဘောပေါက်သွားသည်။

“ကြီးကြပ်ရေးမှူး လစ်ဇ် နှင့် အဖွဲ့က ကျွန်တော်တို့ အထက်ပိုင်းက အမိန့်ကြောင့် လှုပ်ရှားရခြင်း ဖြစ်ပါတယ်၊ အခုကိစ္စတွေက သူတို့နဲ့ ပတ်သက်ခြင်း မရှိပါဘူး၊ သူတို့ကို ဆေးရုံပို့ဖို့ ခွင့်ပြုနိုင်မလား?”
ချောင်းစစ်ယွမ်သည် အသက်ပင်မရှုနိုင်ဘဲ ပြောလိုက်သည်။

“အထက်က ဘယ်သူတွေလဲ?”
အန်ထျန်းကျို သည် ယခင်အမူအရာ အတိုင်း ဆက်လက်မေးမြန်းလိုက်သည်။

“ကြီးကြပ်ရေးမှူး ဆရာအနေနဲ့ ကျင့်တာရှန်းအကြောင်းကြားဖူး ထားတယ်မလား?”

“အဖွဲ့ချုပ်၏ အဆိုးရွားဆုံး ရာဇဝတ်သား”

ချောင်းစစ်ယွမ်သည် ဆက်ပြောလိုက်သည် “ကျင့်တာရှန်းက အဖွဲ့ချုပ်ရဲ့အဆင့်မြင့်အရာရှိကြီးများကို အဖွဲ့ချုပ်အစိုးရရုံးခန်းမှာ သတ်ဖြတ်ခဲ့တယ်၊ အဲဒါက အဖွဲ့ချုပ်ရဲ့ အင်အားကို ထက်ဝက်လျော့ ကျစေပြီး အရင်အင်အားပြန်ရအောင် ၁၀နှစ်လောက်အချိန်ယူခဲ့ရ တယ်၊ ဆီးနိတ်က ကျင့်တာရှန်းနဲ့ ပတ်သက်သမျှကို အရေးကြီးကိစ္စ အဖြစ်အမြဲထားခဲ့တယ်၊

ဒီနှစ်တွေအတွင်းမှာ အဖွဲ့ချုုပ်က သူ့ကို ဖမ်းမိဖို့ နည်းမျိုးစုံကြိုးစားခဲ့တယ်၊ ကျွန်တော့တို့ အထူးစုံစမ်းရေး ဗျူရိုကလည်းပဲ ဒီအမှုကို အင်အားရှိသမျှ ပူးပေါင်းပါဝင်ခဲ့ပါတယ်၊ ရက်အနည်းငယ်တုန်းက ကျွန်တော့တို့ ကျင့်တာရှန်းနဲ့ ကျိုးဝမ်တို့ အပြန်အလှန်ဆက်သယ်မှုရှိတာကို တွေ့ခဲ့တယ်”

“အိုး……မင်းပြောတာ ကျင့်တာရှန်း ရဲ့ ကြံရာပါက ကျိုးဝမ်လို့ ဆိုလိုချင်တာလား?”
အန်ထျန်းကျို သည် ချောင်းစစ်ယွမ်ကို စိုက် ကြည့်လိုက်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now