346 - 350

238 24 0
                                    

အခန်း(၃၄၆) အိမ်ပြန်ခြင်း

  "သခင်လေး ဝမ်… မြင့်မြတ်မြို့ကို မသွားသင့်သေးဘူး..ဒီတစ် ကြိမ် မြင့်မြတ်မြို့က တော်တော်ဆိုးဆိုးရွားရွား ခံစားလိုက်ရတာ.. ဝမ့်မင်ယွမ်ရဲ့ ပြစ်မှုကလည်း ဝမ့်မိသားစုကိုပါ သက်ရောက်စေတယ် တကယ်လို့ သူတို့က အဖွဲ့ချုပ်မှာ ဩဇာလွှမ်းမိုးမှု တစ်စုံတစ်ရာမရှိ ခဲ့ဘူးဆိုရင် ဝမ့်မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်တယ်…ဒါတောင် မှ ဝမ့်မိသားစုက ဆိုးရွားတဲ့ တင်းကြပ်မှုခံနေရသေးပြီး သူတို့ လွယ် လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး…

ဝမ့်မင်ယွမ်ရဲ့ တပည့်လေးယောက်ဖြစ်တဲ့ သခင်လေး ဝမ် တို့ အတွက်တော့ အနာဂတ်မှာ အဖွဲ့ချုပ်က ဘယ်သူမှ မငှားရမ်းရဲတော့ မှာကို စိုးရိမ်မိတယ်"

        အန်ရှန့် သည် မြင့်မြတ်မြို့တွင် ဘာဖြစ်ခဲ့သည်ကိုရှင်းရှင်းလင်း လင်းသိထားခဲ့ပြီး ကျိုးဝမ်ကို ပြောပြနေခဲ့သည်။

        ကျိုးဝမ် တိတ်ဆိတ်သွားလေပြီ။ သူ့ကို ဘယ်သူမှ မငှားရဲဘူး ဆိုတာကို သူစိတ်မပူပေမယ့် ဝမ့်မင်ယွမ်၏ ပြစ်မှုသည် နောက်ဆုံး မျိုးဆက်များသက်ရောက်နိုင်ပြီး သူ့ကိုဖြူစင်မည့်နည်းလမ်း မရှိနိုင် တော့ပါ။

ဝမ့်မင်ယွမ်၏ လှုပ်ရှားမှုကြောင့် အသက်များစွာ ဆုံးရှုံးခဲ့ရ၏။ အပြစ်သားမှ လွတ်မြောက်အောင်ချေဖျက်ရန် သူ့တွင် နည်းလမ်း မရှိနိုင်ပါ။

  "သခင်လေး ဝမ်… အခုဘယ်မှာလဲ?..လာခေါ်ဖို့အတွက် တစ် ယောက်ယောက်ကို လွှတ်လိုက်မယ်… လော့ယန်ကို ပြန်လာနိုင် သရွေ့ အဖွဲ့ချုပ်က ဘယ်သူမှ သခင်လေးဝမ် ကို မထိနိုင်တော့ဘူး"

        အန်ရှန့် မှ ပြောကြားလိုက်သည်။

"မလိုဘူး….ငါလမ်းမှတ်မိပါတယ်…ငါ့ဘာသာ ပြန်လိုက်မယ်"

        ကျိုးဝမ် သည် အန်ရှန့်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက် သည်။ ယခင် အန်ရှန့်မှ သူတို့ကို လာကြိုခဲ့သည့် လမ်းကြောင်းသည် အရမ်းလည်း အန္တရာယ်မများသောကြောင့် သူ၏လက်ရှိခွန်အားဖြင့် လော့ယန်မြို့သို့ ဘေးကင်းစွာ ပြန်သွားနိုင်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Dove le storie prendono vita. Scoprilo ora