766 - 770

158 26 0
                                    

အခန်း(၇၆၆) ထာဝရတိုက်ပွဲဝိညာဉ်


       " ဝေ့ကော…လူအများစုကတော့ ငါ့ကိုအကိုကြီးလို့ ခေါ်တယ်"

    ကျိုးဝမ်က သူ့လက်ကို ဆန့်ထုတ်ပြီး ရှောင်စစ်၏ လက်ကို ကိုင်ကာ လှုပ်ခါလိုက်၏။

ရှောင်စစ်သည် ထိုနာမည်ကို လျှို့ဝှက်စွာ မှတ်သားခဲ့သော် လည်း သူသည် သဘာဝကျစွာပင် ၎င်းကို " အကိုကြီး" ဟု မခေါ်နိုင် ပါ…။ သူပြန်ရောက်ပြီးနောက် ဝေ့ကော၏ နောက်ခံကို စုံစမ်းရန် စီစဉ်ထားခဲ့သည်။

*****

အင်ပါယာမြို့တော်ရှိ အထူးစုံစမ်းစစ်ဆေးရေးဗျိုရို၏ ဌာနချုပ် ၏ ရုံးခန်းတစ်ခုတွင် လက်ဖက်ရည်သောက်နေသော ဝေ့ကောသည် ရုတ်တရက် နှာချေလိုက်သည်။ နှာခေါင်းကို ပွတ်သပ်ရင်း သူ့ကိုယ် သူ ရေရွတ်လိုက်မိသည်..။

       " ဘယ်သူက ငါ့အကြောင်းတွေးနေတာပါလိမ့်.."

*****

       " အပိုပြောမနေနဲ့တော့… ခဲအို… ရှင် မဟာတံတိုင်းဆီ မသွား ချင်ဘူးလား… သွားကြစို့…"

  ဝမ်ချန်သည် ကျိုးဝမ်ကို မဟာတံတိုင်း၏ ဝင်ပေါက်လှေကား များဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ကျိုးဝမ်သည် မဟာတံတိုင်းအပြင်ဘက်တွင် အချိန်အတော် ကြာအောင် ရှာဖွေခဲ့သော်လည်း သေးငယ်သောလက်ဝါးသင်္ကေတ လေးကို ရှာမတွေ့ခဲ့ပါ။ သို့သော်လည်း သူသည် လက်လျော့ရန် ငြင်း ဆန်နေခဲ့ပြီး မဟာတံတိုင်းအပေါ်တွင် ရှာဖွေလိုခဲ့သည်။

နောက်ဆုံးတော့ ထာဝရတိုက်ပွဲဝိညာဉ်များတွင် အလွန်ရှားပါး သော လက္ခဏာရပ်များ ရှိနေသည်။ ထိုသို့သော ဒိုင်မေးရှင်းသတ္တဝါ များမှာ အလွန်အသုံးဝင်နိုင်သည်။

  ဝမ်ချန်သည် အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲဖြစ်ပြီး သူမ၏ ကံဆိုးခြင်းနတ်သမီးက ကျိုးဝမ်ကို အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။

ရှောင်စစ်သည် သူတို့နောက်မှ တောက်လျှောက်လိုက်လာစဉ် သူ့မျက်နှာတွင် အပြုံးတစ်ခုဆင်မြန်းထားခဲ့သည်။ သို့သော်လည်း စိတ်ထဲမှ လှောင်ပြောင်နေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now