416 - 420

205 24 0
                                    

အခန်း(၄၁၆) ဒေါက်တာ ကျိုးလေး

သို့သော်လည်း နှိုင်းယှဉ်ကြည့်လျှင် ဂျက်၏ အသက်ပေါက်ကွဲ မှုမှာ ပိုပြီး မကောင်းဆိုးဝါးဆန်သည်။ အကြောင်းအရင်းမှာ ဂျက် သည် အသက်စွမ်းအားများကို သူ့အလိုလို ပေါက်ကွဲစေခြင်းကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူ့ရှေးဦးမူလစွမ်းအားများ ကုန်ကျမှု မရှိခြင်း ဖြစ်သည်။ သူလုပ်သမျှမှာ တခြားသူများ၏ စွမ်းအားများ အပေါ်တွင် မှီခိုထားသည်။

      ကျိုးဝမ်၏ နည်းလမ်းမှာ သူ၏ ရှေးဦးမူလစွမ်းအားသုံးစွဲပြီး မြေ မြှုပ်မိုင်းကွင်းတစ်ခု တည်ဆောက်ခြင်း ဖြစ်သည်။ ဒုက္ခပိုများပြီး ကုန်ကျစရိတ်မှာ ပိုလို့ပင် ဆိုးရွားသည်။

သို့သော်လည်း အသက်ပေါက်ကွဲမှုမှာ ပိုပြီး မကောင်းဆိုးဝါး ဆန်လွန်းသည်။ တိုက်ခိုက်မှုတိုင်းမှာ အခြားသူများ၏ အသက်များ ကို အလဲအလှယ်အနေဖြင့် လိုအပ်သည်။ အရေးကြီးစွမ်းအားများ အားကောင်းလေလေ ပေါက်ကွဲအားပိုမို ပြင်းထန်လေဖြစ်သည်။

       ကျိုးဝမ် သည် သူရှာဖွေခဲ့သော အာကာသဟင်းလင်းပြင်လမ်း ကြောင်းကို အသုံးပြုရန် စမ်းသပ်ကြိုးစားခဲ့သည်။ လမ်းကြောင်း ချိတ်ဆက်မှုတိုင်းသည် သူ့လက်စွပ်ပေါ်တွင် ကြိုးတစ်ချောင်းလို ဖွဲ့ စည်းလာခဲ့သည်။ အကယ်၍ လမ်းကြောင်းများစွာချိတ်ဆက်မိလျှင် ၎င်းတို့သည် လက်စွပ်ပေါ်တွင် မျဉ်းလိုင်းအမျိုးမျိုးဖြင့် ဖုံးလွှမ်း သွားသည်မှာ ဂါထာမန္တာန်များရေးထွင်းသလို ဖြစ်နေသည်။

       သူသည် အာကာသဟင်းလင်းပြင်လမ်းကြောင်းများ၏ အကျိုး သက်ရောက်မှုများကို လေ့လာနေခဲ့ပြီး ပျောက်ဆုံးနိုင်ငံကို ဆင့်ကဲ ဖြစ်စဉ်ခန္ဓာကိုယ်သို့ အဆင့်တက်ရန် ကြိုးစားရာတွင် ချိုးဖျက်နိုင်မှု အမှတ်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။

ကံဆိုးသည်မှာ အသက်ဝိညာဉ်တစ်ခု၏ အဆင့်တက်ခြင်းမှာ ရိုးရှင်းခြင်း မရှိပါ။ ညနေခင်းတစ်ခုလုံး လေ့လာပြီးနောက် ကျိုးဝမ် သည် များစွာ တိုးတက်လာခြင်း မရှိပါ။ သို့သော်လည်း အာကာသ ဟင်းလင်းပြင်လမ်းကြောင်းများ အသုံးပြုခြင်းနှင့် ပိုမိုရှင်းနှီးလာခဲ့ သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )حيث تعيش القصص. اكتشف الآن