906 - 910

160 20 0
                                    

အခန်း(၉၀၆) ရုတ်တရက် စိန်ခေါ်လာခြင်း

နောက်ဆုံးတွင် သူဌေးက ကျိုးဝမ်ကို ၂၀% လျှော့ဈေးပေးပြီး VIP အခန်းမှာ နေခွင့်ပေးလိုက်သည်။ သို့သော်လည်း ၂၀% လျှော့ ဈေးဖြင့်ပင် ဈေးနှုန်းသည် ပုံမှန်းအခန်းထက် များစွာ ဈေးကြီးနေ သေးသည်။

ကျိုးဝမ်သည် VIP အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ အခန်းမှာ လူမနေထိုင်သည်မှာ ကြာမြင့်နေပုံရသည်။ တီဗွီပေါ်တွင် ဖုန်များပင် ရှိနေခဲ့သည်။

  သူဌေးသည် တီဗွီပေါ်ရှိ ဖုန်များကို ရှက်ရှက်နှင့် သုတ်လိုက်ပြီး ကျိုးဝမ်ကို လှမ်းပြောလိုက်သည်။

        “ ငါ့အိုက်ဒေါကြီး… စိတ်ကြိုက် လွတ်လွတ်လပ်လပ်နေပါ… မနက်စာလည်း ပါပြီးသားနော်..တော်တော်လေး အရသာရှိတဲ့ မီနူး တွေပါ..”

        ကျိုးဝမ် လှမ်းကြည့်လိုက်ရာ စောင်များက သန့်ရှင်းနေသည် ကို တွေ့ရသဖြင့် သူ ဘာမှ ထပ်မပြောတော့ပါ..။

သူဌေးထွက်သွားပြီးနောက် ကျိုးဝမ်သည် ခေးယော့စ်ဟင်း လင်းပြင်အတွင်းမှ နို့ နှင့် အခြားအစားအစာများကို ထုတ်ယူခဲ့သည်။ ယာအာအတွက် အပူပေးခဲ့ပြီးနောက် အာဟာရပြည့်ဝသောအစား အစားအချို့ကို သူမအား ကျွေးမွေးခဲ့သည်။

ယခုအချိန်သည် သူမအတွက် ကြီးထွားလာချိန် ဖြစ်သည်။ သူမသည် နေ့စဉ် အနည်းငယ် ကြီးထွားလာခဲ့သည်။ အချိန်အတော် ကြာပြီးနောက် သူမ၏ ဖိနပ်နှင့် အဝတ်အစားများ မတော်တော့ခြင်း က ကြီးထွားခြင်းကို ပြသနေသည်။

        ယာအာ တစ်နေ့တခြား ကြီးပြင်းလာသည်ကို ကြည့်နေရသည် မှာ မှော်ဆန်သည့်ခံစားချက်တစ်ခုပင်…။

ဖုန်းဖွင့်လိုက်ပြီးနောက် သူ့အကြောင်း သတင်းများကို ဖတ်ရှု လိုက်သည်။ အင်တာနက်ပေါ်တွင် ဆွေးနွေးမှုသည် ပြင်းထန်သော် လည်း သူသည် ဆွေးနွေးမှုခေါင်းစဉ်၏ အဓိကမဟုတ်ပါ။ ထိုအစား အာဏာရှင်ဘီလူးကြီး ဖြစ်နေခဲ့သည်။

သတင်းထောက်သည် သူရောက်ရှိချိန်တွင် တိုက်ပွဲ၏ ဒုတိယ ပိုင်းကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဗီဒီယိုကို တမင်တည်းဖြတ်ထားသော ကြောင့် ကျိုးဝမ်သည် ယာအာကို ပွေ့ချီထားပြီး ယူအီဆူဂီနာအို၏ ဓားချက်များကို ကျက်သရေရှိစွာရှောင်တိမ်းနေပုံရသည်။ ထို့နောက် အာဏာရှင်ဘီလူးကြီးကို ဆင့်ခေါ်ကာ ဘောက်ဆင်လက်ဝှေ့အိတ် အဖြစ်ပြောင်းလဲပြီး ယူအီဆူဂီနာအိုကို ဓားနှင့်အတူ လွင့်ပျံသွားစေ ခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Wo Geschichten leben. Entdecke jetzt