246 - 250

255 32 0
                                    

အခန်း(၂၄၆) ပိုးအိမ်ဖြူကို အက်ကွဲစေခြင်း

       ကျိုးဝမ် သည် မျိုးကွဲမြွေဘုရင်ကို မြင်လိုက်သည့်အခါ ဝမ်း သာသွားခဲ့ပြီး ဆေဘာဒိုင်းကာမြင်းစီးသူရဲကောင်းကို ရှေ့သို့ ချီတက် ရန် အမိန့်ပေးလိုက်သည်။

ဆေဘာဒိုင်းကာမြင်းစီးသူရဲကောင်းတွင် ရှိနေသည့် ဘဝစောင့် ရှောက်သူနတ်ဘုရားမှာ တိုက်စစ်နှင့် ခံစစ်ဖြစ်သည်။ ထို့အပြင် သူ၏ ဒိုင်းကာ၊ ဆေဘာ၊ တိုက်ပွဲအရှိန်အဝါ သိုင်းကျွမ်းကျင်မှုအား လုံးသည် အလွန်စွမ်းအားကြီးသဖြင့် မြွေဘုရင်ကို ထိန်းချုပ်ရာတွင် အကောင်းဆုံး ဖြစ်သည်။

မျိုးကွဲမြွေဘုရင် ချီတက်လာချိန် တွင် ဆေဘာဒိုင်းကာမြင်းစီး သူရဲကောင်းသည် ထာဝရကျန်ရှိခြင်း ဒိုင်းကာကို အသက်သွင်း လိုက်၏။ ၎င်း၏ ဒိုင်းကာပေါ်မှ လက်ဝါးကပ်တိုင်သင်္ကေတသည် သန့်ရှင်းသည့်ရောင်ခြည်တော်တို့ဖြင့် ချက်ချင်းလင်းထိန်သွားပြီး သူတစ်ကိုယ်လုံးနှင့် မြင်းကိုပါ လွှမ်းခြုံသွားခဲ့သည်။

       သူသည် ဒိုင်းကာနည်းစနစ်ကို အသုံးပြုပြီး မျိုးကွဲမြွေဘုရင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီး ညာဘက်လက်မှ ဓားအလင်းဖြင့် ခုတ်ဖြတ်ချလိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ကွက်သည် ဆေဘာဒိုင်း ကာမြင်းစီးသူရဲကောင်း အမြဲပြုလုပ်လေ့ရှိသည်။

သို့သော်လည်း ယခုအကြိမ်တွင် မျိုးကွဲမြေဘုရင်သည် ဒိုင်းကာ ကို ဝင်တိုက်လိုက်ပြီး ကွဲထွက်သွားခဲ့သည်။ မြွေကြီးသည် ပါးစပ်ကြီး ဟလိုက်ပြီးနောက် ဆေဘာဒိုင်းကာမြင်းစီးသူရဲကောင်း၏ ခေါင်းကို ကိုက်ရန် ပြုလုပ်လိုက်သည်။

       ကျိုးဝမ် သည် အလျင်အမြန်င် နတ်ဆိုးဗိုလ်ချုပ်ကို ရှေ့သို့ ချီတက်ခိုင်းလိုက်ပြီး ကြယ်တာရာလက်သီးဖြင့် တိုက်ခိုက်လိုက်ရာ မျိုးကွဲမြွေဘုရင်သည် အဝေးသို့ လွင့်စင်သွားခဲ့သည်။

နတ်ဆိုးဗိုလ်ချုပ် နှင့် ဆေဘာဒိုင်းကာမြင်းစီးသူရဲကောင်းတို့ သည် မျိုးကွဲမြွေဘုရင်ကို အတူတကွ တိုက်ခိုက်လိုက်ကြသော် လည်း သူတို့သည် အနည်းငယ်ပင် အောက်စည်းသို့ ရောက်ရှိနေခဲ့ သည်။ မြွေဘုရင်၏ အမြှီးရမ်းခါလိုက်သည့်အခါ လမ်းကြောင်းတွင် ရှိနေသည့် မည်သည့်အရာဖြစ်စေ တိုက်ရိုက်ပင် ကွဲထွက်သွား၏။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Où les histoires vivent. Découvrez maintenant