461 - 465

189 18 0
                                    

အခန်း(၄၆၁) နတ်ဘုရားရောက်ရှိလာခြင်း

       ကျိုးဝမ် သည် တောင်ပံနက်ခြောက်ခုပါနဂါးနက်ကြီး၏ ရုပ် အလောင်းရှေ့တွင် ငိုကြွေးနေသော ကျန်းယုကျစ်ကို ကြည့်နေခဲ့၏။ သူတစ်ခုခုပြောခါနီးတွင် ပင်လယ်ရေမှ ရွှေရောင်အလင်းတန်း တစ်ခုမြင့်တက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

အလင်းတိုင်များကြားမှာ ရွှေပန်းသီးတစ်လုံး ရေပေါ်ပေါလော ပေါ်လာပြီး ဖြည်းဖြည်းချင်း လေထဲသို့ မြင့်တက်လာလေပြီ…

ရွှေပန်းသီးသည် ကျိုးဝမ် လွှင့်ပစ်လိုက်သည်မှာ ထင်ရှားနေ သည်။ ယခုအခိုက်အတန့်တွင် ၎င်းသည် အသက်ရှိနေပုံပေါ်သည်။ ၎င်းသည် လေထဲတွင် ပျံဝဲနေပြီး တောက်ပသောနတ်ဘုရားအလင်း ရောင်ကို ထုတ်လွှင့်နေလေပြီ…

ရွှေရောင်အလင်းဝိုင်းတစ်ခုသည် နတ်ဘုရားတစ်ပါး လိုမျိုး ကောင်းကင်မှ ဆင်းသက်လာချေပြီ…။ ကြောက်မက်ဖွယ်ကောင်း သော ဖိအားတစ်ခုကျဆင်းလာသည်နှင့်အမျှ ထိုပုံရိပ်သည် ရွှေ ရောင်အလင်းနှင့် ပေါင်းစပ်သွားပုံရသည်။ သေမင်းပင်လယ်နှင့်တူ နေပြီး ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးတည်ရှိမှုတစ်ခုဟု ထင်ရသည်။

ရွှေရောင်အလင်းဝိုင်းမှ ရွှေရောင်အလင်းများသည်  ကျဆင်း ခြင်းသည် ရွှေပန်းသီးဆီ ရောက်ရှိမှသာ ရပ်တန့်သွားခဲ့၏။ ၎င်းသည် လက်ဆွဲထုတ်ပြီး ရွှေပန်းသီးကို လှမ်းကိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျိုးဝမ်တို့အဖွဲ့သည် ၎င်းတို့၏ စိတ်ထဲ တွင် ဖော်မပြနိုင်သော နတ်ဘုရားအသံကို စိတ်အတွင်းမှ ကြားနေ ချေပြီ…။

"လူသား…သင်တို့ဟာ လူသားကမ္ဘာအတွင်းမှ ငါ့ပြိုင်ပွဲရဲ့ စမ်းသပ်မှုများကို ပြည့်စုံစေပြီ… သင်တို့၏ နာမည်များကို ချန်ထား ရစ်ပါလေ…ငါ့ပြိုင်ပွဲအတွက် ပေးအပ်မယ့် ဆုလာဘ်များကို သင်တို့ တွေ ရရှိလိမ့်မယ်…"

       "ကျွန်မ မလိုချင်ဘူး"

  ကျန်းယုကျစ် သည် သူမခေါင်းကိုယမ်းလိုက်ပြီး ပြောလိုက်စဉ် မျက်ရည်များသည် မျက်နှာပေါ်တွင် ရှိနေသေးသည်…

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now