401 - 405

198 23 1
                                    

အခန်း(၄၀၁) လျင်မြန်စွာ ကြီးထွားလာခြင်း

တွဲဖက်သားရဲဥတစ်ချို့လည်း ကျလာခဲ့သဖြင့် ကျိုးဝမ် သည် ၎င်းတို့ကို သူ၏တွဲဖက်သားရဲများအားကျွေးခဲ့သည်။ အာဏာရှင် ဘီလူးကြီးမှာ အဆိပ်လင်းနို့တွဲဖက်သားရဲဥနှစ်ခုကို စားပြီးနောက် စတင်ပြီး ဆင်ကဲ့တိုးတက်လာခဲ့သည်။

        ‌မူလက လူတစ်ယောက်အရပ်တစ်ဝက်မျှသာရှိသော သေးငယ် သော ဘီလူးကြီးသည် ကြီးထွားလာခဲ့ပြီး အမွှေးများသည်လည်း ရူးသွပ်ဖွယ် ရှည်လျားလာခဲ့သည်။ ၎င်း၏ ကြွက်သားများသည် မီးပုံ ပျံများကဲ့သို့ ဖောင်းကားလာခဲ့ပြီး မကြာမီမှာပင် အရပ်ကြီးသည် လေးမီတာနီးပါး မြင့်တက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြွက်သား များသည် သံမဏိကဲ့သို့ ဖြစ်နေပြီး ပေါက်ကွဲစွမ်းအားများဖြင့်ပြည့် နှက်နေသည်။

အာဏာရှင်ဘီလူးကြီး   : သူရဲကောင်းအဆင့်
                               (ဆင့်ကဲတိုးတက်နိုင်သော)

ဘဝစောင့်ရှောက်သူနတ်ဘုရား        : အလွန်အမင်း သန်စွမ်းခြင်း

ခွန်အား                                 : ၂၁

လျင်မြန်မှု                            : ၂၁

ကြံ့ခိုင်မှု                                : ၂၁

ရှေးဦးမူလစွမ်းအား            : ၂၁

ထူးချွန်းသိုင်းကျွမ်းကျင်မှု: တောင်ကိုဝါးမျိုခြင်း

တွဲဖက်ပုံစံ                           : လက်ဝှေ့လက်အိတ်

        ကျိုးဝမ် သည် ၎င်းကို အချိန်အတော်ကြာအောင် တွဲဖက်သားရဲ ဥအများအပြားမျိုးစုံ ကျွေးမွေးခဲ့သည်။ အာဏာရှင်ဘီလူးကြီးသည် သူရဲကောင်းအဆင့်သို့ မတက်ရောက်နိုင်မီ အချိန်အတော်ကြာ ယူခဲ့ သောကြောင့် တော်ဝင်သူရဲကောင်းအဆင့်သို့ ဘယ်အချိန်တက် ရောက်နိုင်မည်ကို သူ မသိတော့ပါ။

သို့သော်လည်း အာဏာရှင်ဘီလူးကြီးသည် အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်သည်။ သူရဲကောင်းအဆင့်သာ ရှိသေးတော် လည်း ၎င်းသည် လေးမီတာနီးပါး မြင့်မားနေလေပြီ။ ဒဏ္ဍရီလာ အဆင့်သို့ တက်ရောက်သွားခဲ့လျှင် ၎င်းသည် တောင်တစ်လုံးကိုပင် အမှန်တကယ် ဝါးမျိုနိုင်လောက်သည်။ ၎င်းသည် မထင်မှတ်ထား လောက်အောင်ပင် ကြီးမားနေလိမ့်မည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now