521 - 525

184 17 0
                                    

အခန်း(၅၂၁) အင်မော်တယ်နန်းတော်သဘာဝဖြစ်စဉ်

        ကျိုးဝမ် သည် နတ်ဧကရီအား ဘာတွေလုပ်နေလဲဟု မူလက မေးချင်ခဲ့သော်လည်း သူမက အကြောင်းမပြန်တော့ပါ။ ကျိုးဝမ် သည် ထိုကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်၏..။

နေ့ခင်းဘက်တွင် ကျိုးဝမ် သည် ကျောက်စိမ်းယုန်၏ လဆု တောင်းသူ ကျောက်တုံးရှေ့သို့ ထပ်မံရောက်ရှိလာခဲ့သည်။ ထိုနေရာ တွင် သူသည် အရှေ့အရပ်မှ လထွက်မည်ကို စောင့်နေခဲ့သည်။

        သို့သော် ပြဿနာတစ်ခု ရှိနေခဲ့၏။ လရောင်ထွက်လာချိန်တွင် လယုန်ကျောက်တုံးကို တွန်းထုတ်ရမည်ဟု နတ်ဧကရီ က ပြောပြ ခဲ့သည်။ အမှန်တရားနားထောင်သူသည် အလွန်အစွမ်းထက်ကာ အသေးစိတ်အသံများကို ကြားနိုင်သော်လည်း လ ထွက်လာသည်ကို သူပြောနိုင်မည်လားဆိုသည်မှာ မသိနိုင်သေးပါ..။

     အကယ်၍ အမှန်တရားနားထောင်သူသည် အနာဂတ်တွင် ပိုမို တိုးတက်လာပြီး ဒဏ္ဍာရီလာအဆင့်သို့ တက်ရောက်နိုင်မည်ဆိုပါက ၎င်းသည် အီလက်ထရွန်များ၏ လည်ပတ်မှု (သို့မဟုတ်) ဖိုတွန်များ စီးဆင်းနေသည့် အသံများကဲ့သို့ နက်ရှိုင်းသောအရာများကိုပင် ကြားနိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်လာသောအခါ လထွက်လာခြင်း ရှိ၊ မရှိအား အကြားအာရုံကို အသုံးပြုပြီး ဆုံးဖြတ်လာနိုင်သည်။

        သို့သော် ယခုအချိန်တွင် သူ မလုပ်နိုင်သည်မှာ သေချာနေ၏။ တုံ့ဆိုင်းသွားပြီးနောက် ကျိုးဝမ် သည် သိုးမွှေးခေါင်းစွပ်အား မဖယ် ရှားမီ သူ၏ရှေးဦးမူလစွမ်းအားကျင့်စဉ်အား တာအိုကျင့်စဉ် သို့ ပြောင်းလဲခဲ့သည်။

        ကျိုးဝမ် အချိန်ကို တွက်ကြည့်ခဲ့၏။ လထွက်လာတော့မည်..။

     အကယ်၍ သူသည် သူ့မျက်လုံးများကိုအသုံးပြုခဲ့လျှင် အင် မော်တယ်နန်းတော်သဘာဝဖြစ်စဉ်နှင့် ကြုံတွေ့ရလောက်အောင် ကံမကောင်းဖြစ်မှာ မဟုတ်ဘူးမလား…။

သို့သော်လည်း အကယ်၍ သူသည် အင်မော်တယ်နန်းတော် သဘာဝဖြစ်စဉ်နှင့် ကြုံတွေ့လိုက်ရလျှင်ပင် အကြွင်းမဲ့တားမြစ်ချက် အသက်ဝိညာဉ်ရှိနေခဲ့သည်။ ဒီလိုလွယ်လွယ်နဲ့ သေဆုံးလိမ့်မည်မှာ သူ့အတွက် မဖြစ်နိုင်ပါ…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now